ဤသို့ ရှိခဲ့ကြသည် မို့ –

၂၀၁၁၊ မေလ ၂၂ ရက်နေ့ထုတ် ၊ မော်နီတာ ဂျာနယ် ၊ အတွဲ ၁၊ အမှတ်စဉ် ၅၃၊ စာမျက်နှာ ၁၃ တွင် မော်နီတာ ဂျာနယ် ၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင် ရေးသားထားသော ဆောင်းပါး ဖြစ်ပါသည်။ ဤပို့စ်၏ ခေါင်းစဉ်ကိုမူ ကျနော့ဘာသာ ပေးထားခြင်း ဖြစ်သည်။

ဇေယျ

……………………………………………….

အစိုးရ သစ် နှင့် အတူ လွတ်လပ်စွာ စာပေ ရေးသား ခွင့်ဆိုခြင်း ကို မျှော်လင့် ကြသည်။ လွတ်လပ်စွာ စာပေ ရေးသားခွင့် ဆိုသည့် စကားလုံး အပေါ် တွင်လည်း သဘောထား ကွဲလွဲမှုတွေ ရှိကြသည်၊ တစ်ချို့ ကလည်း အကြွင်းမဲ့ ဒီမိုကရေစီ ဆိုသည်မှာ ဘယ်အခါမှ မရှိဟု ဖွင့်ဆိုကြသည်။ တစ်ချို့ကလည်း Free Press ( သတင်းလွတ်လပ်ခွင့် ) နှင့် အတူ ကပ်ငြိပါလာမည့် Ethics ( ကိုယ်ကျင့် ) အပေါ်တွင် သတင်းသမား များ အနေနှင့် မည်မျှ တာလုံ နေကြပြီလဲ ဟု မေးခွန်း ထုတ်ကြသည်။

တကယ်တော့ ဘ၀ ဟူသည်မှာ ဘောင်ရှိစမြဲ ဖြစ်သည်။ သူ့ဘက် ကိုယ့်ဘက် ကိုယ်သည် ဘယ်ဘက် ကလဲ၊ သူသည် ဘယ်ဘက် ကလဲ၊ အစိုးရသစ်၏ တည်ဆဲ ဥပဒေများ ကို သတင်းသမား များ အနေနှင့် မည်မျှ ကျက်မှတ် ထားခဲ့ကြပြီလဲ ဆိုသည်က မေးဖို့ လိုလာသည်။ ရွေးကောက်ပွဲ နိုင်ငံရေး ပါတီများနှင့် စာနယ်ဇင်း ကျင့်ဝတ် (၂၀၁၀) ရွေးကောက်ပွဲ အသံများ ကျယ်လောင် လာသည်၊ နိုင်ငံရေး ပါတီများလည်း တစ်ဖွဲ့ ပြီး တစ်ဖွဲ့ အသံ ကျယ်လောင် လာသည်။ စာမျက်နှာများ ပေါ်တွင် နိုင်ငံရေး ပါတီများ၏ အာဘော်များ ကိုလည်း ကျယ်ကျယ် လောင်လောင် ကြားလာ ရသည်။

သည့်အတွက် စာနယ်ဇင်း အနေနှင့် စာနယ်ဇင်း ကျင့်ဝတ်နှင့် ညီရဲ့လား ဆိုခြင်းကို စဉ်းစား သုံးသပ်ကြရန် လိုအပ် လာသည်။ တစ်ခေတ် တစ်ခါက နိုင်ငံရေး လှိုင်းများ ပြင်းထန်စွာ ရိုက်ခတ် နေချိန်က ပုဂ္ဂလိက သတင်းစာ အချို့ကို သက်ဆိုင်ရာမှ အရေးယူမှုများ ရှိခဲ့ဖူးသည်။ သာဓက အနေ နှင့် တင်ပြရလျှင် (၁၉၅၉) ခုနှစ်၊ ဖေဖော်ဝါရီ (၆) ရက် နေ့က ဗိုလ်တစ်ထောင် သတင်းစာတိုက် မှ ပုံနှိပ်စက် နှင့် စာခုံများကို ချိတ်ပိတ်ကာ တာဝန်ခံ အယ်ဒီတာ ကိုအောင်စိန်၊ ပုံနှိပ် ထုတ်ဝေသူ ကိုတင်ရွှေနှင့် ဖြန့်ချိရေးမှူး ကိုသောင်း တို့ကို အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဂ/ဃ/င) နှင့် (၁၉၅၈) ခုနှစ် အရေးပေါ် စီမံမှု ယာယီ ပြင်ဆင်ချက် ဥပဒေ ပုဒ်မ ၅ (က/၁/က) အရ သတင်း ထောက်လှမ်းရေး အထူးဌာန မှ ရဲမှူး ဦးတင်လှ က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Read more of this post