Quantum Counting

I love physics. So,as I read and liked it,this article is just shared from nature.com being pleased to my colleagues who interested in number theory and physics.

The blogger of it is Zeeya Merali, freelence from London.

Zayya
…………………………….
In 2008, quantum physicist Andrew White found himself building a “ridiculous machine” in his lab at the University of Queensland in Brisbane, Australia.

White had spent years working on quantum computation, attempting to exploit subatomic physics to create a device with the potential to outperform its best macroscopic counterparts. And he had learned that it was a tough job: the required quantum systems are fragile, and demand immaculate laboratory conditions to survive long enough to be of any use. Now White was setting out to test an unorthodox quantum algorithm that seemed to turn that lesson on its head. In this scheme, messiness and disorder would be virtues, not vices — and perturbations in the quantum system would drive computation, not disrupt it.

“I honestly thought, there’s no way this will work,” says White. But when he turned his ridiculous machine on, it ran1.

Read more of this post

Theory of Everything: Book

သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်သည့် ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဗင် ဟောကင်း ရေးသားသော စာအုပ်ငယ် ဖြစ်သည်။ Theory of Everything:TOE – အရာရာတိုင်း၏ သီအိုရီ ကို ပြည်သူ နားလည်အောင် ရှင်းထားသည် ဖြစ်၍ ကျနော်တို့ မြန်မာ လူငယ်များလည်း ဖတ်ရှုနိုင်ပါစေရန် တင်ရှိပါသည်။ ဘာသာပြန် ဆိုရန်လည်း စဉ်းစားပါသည်။ ဟောကင်း ကိုယ်တိုင်က ဘာသာရပ်ဆိုင်ရာ စကားလုံးများ ကို အတတ်နိုင်ဆုံး အများနားလည်အောင် ဖော်ပြထားသည် ဖြစ်၍ ကျနော် ဘာသာပြန်ဆို ရာတွင်လည်း မြန်မာနားနှင့် အတတ်နိုင်ဆုံး ဆီလျော် နားဝင်အောင် ကြိုးစားကြည့်ပါသည်။ လိုအပ် နေ ပါမည်။

ဤစာအုပ်တွင် အခန်း ခုနှစ်ခန်း ( နိဒါန်း နှင့်ပါ ဆိုလျှင် ရှစ်ခန်း ) ပါရှိသည်။ ယင်းတို့ကို အားလုံး ဘာသာပြန်ဆိုပြီးမှ တစ်စု တစ်စည်း ထည်း တင်ရှိခြင်း မပြုဘဲ၊ အလျဉ်းသင့် သလိုသာ တစ်ခန်း ချင်းစီ တင်ရှိ သွားလိုသည်။ ကျနော် ဘာသာပြန်ဆိုမှု ညံ့ဖျဉ်း၍ မူရင်းကိုသာ ဖတ်လိုသူများ၊ နောက်အခန်းများကို မမျှော်လို သူများ အတွက် မူရင်းစာအုပ် ဒေါင်းလုပ်နိုင်အောင် ကျနော် တင်ရှိ ထားသည်။ နှစ်သက်ရာ၊ အဆင်ပြေရာ လင့်ခ်မှ ဒေါင်းလုပ် ယူနိုင်ပါသည်။

TOE

DOWNLOAD LINKS

HOTFILE
MEGAUPLAOD
RAPIDSHARE

အလားတူ စာအုပ် တွင်းပါ အခန်းများနှင့် ပတ်သက်၍ ရှင်းလင်း ထားသော နိဒါန်း ပိုင်းကို အောက်တွင် ဘာသာပြန်ဆို တင်ပြပါသည်။ နောက် အခန်း များကိုလည်း အလျဉ်းသင့် သလို ရေးသွားမည်။

[ ရူပဗေဒ ဆရာ များလည်း ဖြစ်ပြီး၊ စာရေး ဆရာ များလည်း ဖြစ်ကြသော ဆရာ တက္ကသိုလ် ကြယ်ပွင့်၊ ဆရာ ဘိုးလှိုင်၊ ဆရာ စိုးစိုး ( အင်္ဂပူ ) တို့ ဤစာအုပ်ကို ဘာသာပြန် ဆိုပြီး ဖြစ်မဖြစ် ကျနော် မမှတ်မိ။ လွန်ခဲ့သော ခြောက်နှစ်ကျော်လောက်က “စူဠ စကြာဝဠာနှင့် အခြား စာတမ်းများ” ( Baby Universe and other essays by Stephen Hawking ) ကိုမူ ဆရာ တစ်ယောက် ဘာသာ ပြန်ဆို ထားဘူးသည်ကို မှတ်မှတ်ရရ ဝယ်ဖြစ် ခဲ့၍ သတိရသည်။ ယခု စာအုပ် တွင်လည်း ဆရာများ ဘာသာပြန်ဆိုပြီး ရှိပါက ၎င်းတို့ ပြန်ဆို ထားသည် များမှာ ပိုမို သင့်လျော် ကောင်းမွန်မည် ဖြစ်ကြောင်း ပြောကြား လိုသည်။ ]

ဇေယျ
……………………………………………

Read more of this post

လပေါ်မှာ ရေရှိသတဲ့

lunar sample 74220

ဂြိုလ်တစ်ခုမှာ သက်ရှိသတ္တဝါ ဖြစ်ပေါ်နိုင်ဖို့ အဓိက အထောက်အပံ့ ဟာ ရေ ဖြစ်ပါတယ်။ ရေ ရဲ့ အရေးပါမှုကို အသိအမှတ် ပြုရင်း အာကာသ တစ်ခွင် လေ့လာရေး လုပ်သမျှမှာ ဒီ ရေ ကဏ္ဍကို အထူးအရေးပေး သုတေသန ပြုတတ်ကြတယ်။ အခုလည်း လပေါ်မှာ ရေမရှိဘူး လို့ သိမှတ် ထားခဲ့ကြပေမယ့် သိပ္ပံပညာရှင်တွေက ဆက် စူးစမ်းနေတာ ကြာပြီ။ မကြာသေးမီက လရဲ့ ကျောက် အပိုင်းအစ လေးတွေထဲမှာ သလင်း ဓာတ်ဖန်တုံး လို ကျောက်ဆိုင်စ လေးတွေထဲမှာ ရေပါဝင်နိုင်တဲ့ အလားအလာ တွေ ရှိကြောင်း တွေ့ခဲ့ရတယ် ဆိုပါတယ်။ လနဲ့ ဆက်နွယ်နေပြီး ချော်ရည်လို ပူပြင်း ရဲ့ ဒြပ်ရည်တစ်မျိုး ရှိတယ်။ အဲ့ဒီ အရည်မှာ ရေ ( H2O ) ပါဝင်နိုင်တဲ့ နှုန်းဟာ နကိုက သိခဲ့တာ ထက် အဆ တစ်ရာ ပိုနေပါတယ်တဲ့။

Read more of this post

ပေါလ်အဲဒစ်ရှ်

ကျောင်းတက် ခဲ့တာက ရူပဗေဒ ဆိုပေမယ့် ဝါသနာ ပါတာက သူနဲ့ နှီးနွယ်နေတဲ့ သချာင်္ သက်သက်ရယ်။

Paul Erdos

သချာင်္တစ်ခုတည်း ဆိုတဲ့အတိုင်း ကျောင်းတက်တော့ အရူးအမူး အားသန်တာ အဲ့ဒီ သချာင်္သက်သက်။ အွန်လိုင်းမျက်နှာစာပေါ် ရောက်တော့လည်း သင်္ချာတွေသာ အဖတ်များတယ်။ သင်္ချာအကြောင်း တော်တော် များများ ( အထူးသဖြင့် သီဝရီပိုင်း၊ အီကေးရှင်း ပိုင်းတွေကို ) ဘလော့ပေါ် တင်ရေးမယ် ဆိုပြန်တော့ တင်လို့ မရတဲ့ အခက်အခဲရှိပါတယ်။ သင်္ချာဖောင့် အခက်အခဲတွေပါ ။ ကိုယ်လဲ ကွန်ပျူတာ ဆိုတာ နကန်းတလုံး မသိလို့ ဖြစ်ပါလိမ့်မယ်။ ပရိုဂရမ်းမင်း ဆိုလား ဂျာဗား ဆိုလား ကုတ်ဒင်ဆိုလား မသိလဲမသိ၊ ရေးလည်း မရေးတတ်တော့ – မတင်တတ်တာနဲ့ မတင်ဖြစ်ခဲ့တာ ကြာပြီ။ စိတ်ကူးက ရှိနေဆဲပဲ။

အခုနောက်ပိုင်းတော့ အလျဉ်းသင့် ရင် သင့်သလို သင်္ချာ၊ ရူပဗေဒ ဆိုင်ရာလေး နည်းနည်းပါးပါး ( မတောက်တခေါက် ) ရေးကြည့်ပါမယ် ။ ပညာရပ်ဆိုင်ရာ ..အဲ..အဲ့လိုပြောရင် နဲနဲ ဂန်ကျယ်တယ်။ ဘာသာရပ်ဆိုင်ရာ Terms လေးများ ပါခဲ့ရင် သည်းခံ ကြစေချင်တယ်။ အောက်မှာ ဖော်ပြထားတဲ့ သင်္ချာပညာရှင် ပေါလ်အဲဒစ်ရှ် အတ္ထုပ္ပတ္တိဟာ ဒီစိတ်ကူးအတွက် စဦး မိတ်ဆက်သဘော သက်သက်ပါ။

…………………….
Paul Erdos တဲ့။ ပေါလ်အဲဒစ်ရှ် ( Paul Air-dish ) လို့ အသံထွက်တယ်။ ဂျူးလူမျိုး ၊ ဟန်ဂေရီယန် နိုင်ငံသား ၊ သင်္ချာပညာရှင်။ ရှိခဲ့သမျှ သင်္ချာပညာရှင် တော်တော်များများ ထက် သချာင်္ပုစ္ဆာအများစုကို တွေးခေါ် တွက်ချက်ခဲ့သူ လို့ အဆိုရှိတယ်။ အခြား သင်္ချာပညာရှင်တွေနဲ့ မတူတာက သင်္ချာ သီဝရီ အသစ်တွေ ကြံဆ ဖော်ထုတ်တာတွေ မရှိဘူး။ နည်းတယ်။ သင်္ချာပုစ္ဆာ ပြဿနာတွေ ဖြေရှင်းဖို့နဲ့ အဲ့ပုစ္ဆာပြဿနာတွေ ဖော်ထုတ်ဖို့ တင်ပြဖို့ လုပ်ခဲ့တာ များပါတယ်။ အိမ်ထောင်မရှိ၊ ကလေးမရှိ။ အခြားအသက် မွေးဝမ်းကျောင်း မရှိ။ အခြား ဘယ်ဟာမှ ဝါသနာ မပါတဲ့သူ။ ဘဝတစ်လျောက်လုံး သင်္ချာနဲ့သာ ပျော်မွေ့ခဲ့တဲ့သူ လို့ ပြောပါတယ်။

အဲဒစ်ရှ်ကို ၁၉၁၃ ၊ မတ်လ ၂၆ ရက်နေ့က ဟန်ဂေရီနိုင်ငံ၊ ဘော်ဒါပက် မြို့ မှာ မွေးတယ်။ သူ့မိဘ နှစ်ပါးစလုံးက အထက်တန်းကျောင်း သင်္ချာဘာသာရပ် စာပြ ဆရာဆရာမတွေ ဖြစ်ပြီး သူ့သားဖြစ်တဲ့ အဲဒစ်ရှ်ကို ငယ်စဉ်ကတည်းက ကောင်းကောင်း လမ်းကြောင်းခဲ့ တယ်။ အဲဒစ်ရှ်ကလည်း ငယ်စဉ်ကတည်းက အစွမ်းအစ ရှိတဲ့သူ လို့ ပြောပါတယ်။ လေးနှစ်သား အရွယ်က သူ့အမေကို ပြောဖူးတယ်။ တကယ်လို့ ဒေါ်လာတစ်ရာထဲက ဒေါ်လာ ၂၅၀ နှုတ်ရင် သုညအောက်မှာ ဒေါ်လာ ၁၅၀ ကျန်လိမ့်မယ် တဲ့။ သင်္ချာဆိုင်ရာ အနှုတ်ကိန်း အကြောင်းကို လေးနှစ်သား ကတည်းက ပြောနိုင်ခဲ့တယ် ။ အဲ့လို ဖြစ်ရပ်မျိုး ဆိုတာ မြန်မာပြည်မှာတော့ မလွယ်လှတဲ့ ဒဏ္ဍာရီ ပုံပြင်လိုပါပဲ။ ( သင်္ချာနဲ့ ဆိုင်တာ ပြောတာပါ။ အခြားဟာတွေတော့ ရှိတယ် ကြားတယ်။ ဥပမာ Read more of this post

စွမ်းအင်မည်း ( Dark Energy is real )

GALEX မှ

ဂလက်ဆီ ပေါင်း နှစ်သိန်းမက ရှိတဲ့ အစုအဝေး ကို လေ့လာကြည့်ရင် ကျနော်တို့ စကြာဝဠာ တစ်ခွင်လုံး ရဲ့ ပြန့်ကားလာမှုဟာ အလျဉ်နှုန်း ( Speed ) တဖြည်းဖြည်းတိုး တိုးလာနေတယ်လို့ ဆိုပါတယ်။ အဲ့တိုးလာတဲ့ အလျင်နှုန်းဟာ ဘာကြောင့် တိုးလာရပါသလဲ ။ အရင်းစစ်ကြည့်တော့ Dark energy ခေါ်တဲ့ မမြင်နိုင်တဲ့ စွမ်းအင်မည်း တွေရဲ့ တွန်းအားကြောင့် ပါတဲ့။ အဲ့လို အဖြေရတယ်။

ဒီရလာဒ် ဖြစ်လာပုံက စကြာဝဠာတွင်း မိသားစုဝင် ကြယ်အစုအဝေးများ ဖြစ်တဲ့ ဂလက်ဇီ တွေကို ငါးနှစ်ကြာ သုတေသန ပြုလုပ်ရာ ကနေ စပါတယ်။ နက်နဲပြီး သိရခက်ပါတယ် ဆိုတဲ့ စွမ်းအင်မည်းတွေ ဘယ်လို အလုပ်လုပ် သလဲ ဆိုတာ အတွက် သီဝရီ အသစ်တွေ ထောက်ပံ့ပေးပါတယ်။ အဲ့အထဲမှာ လက်ရှိ စကြာဝဠာ ဘယ်လို ပြန့်ကားနေသလဲ – စကြာဝဠာ ပြန့်ကားနေတဲ့ အပြင် ဒီတစ်ခွင်လုံးကို အညီအမျှ သက်ရောက်နေတဲ့ နောက်ကွယ်က ဘာရှိလဲ။ ရှိနေတာက ကိန်းသေ တွန်းအား၊ အင်အားစု ဖြစ်ပါတယ်။ ဒါတွေကို ကြံဆမိ လာကြတယ်။

တွေ့ရှိချက် အသစ် တွေက နဂိုရှိရင်း သီဝရီ တစ်ခုကိုတော့ ဆန့်ကျင်နေတယ်။ အဲ့သီဝရီ အရ ဒီလို စကြဝဠာကို ပြန့်ကားအောင်၊ ကွဲပြားအောင် တွန်းအားပေး နေတာဟာ စွမ်းအင်မည်း မဟုတ်ဘူး ၊ ဒြပ်ဆွဲအား လို့ ဆိုတယ်။ အိုင်းစတိုင်း ရဲ့ ဒြပ်ဆွဲအား သီဝရီကို စိန်ခေါ်ထားတဲ့ သီဝရီ တစ်ရပ်လို့လည်း ခေါ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ အိုင်းစတိုင်းရဲ့ ဒြပ်ဆွဲအား သီဝရီမှာ “အရာဝတ္ထု (ဒြပ်) တွေ တစ်ခုနဲ့ တစ်ခု ကွာဝေးလာတာနဲ့ အမျှ ဒြပ်ဆွဲအားဟာ ဆွဲငင်အား မဟုတ်တော့ဘဲ တွန်းကန်အား ဖြစ်လာမယ်” လို့ ဖော်ပြထားပါတယ်။

Read more of this post

Epiphenomenalism ( Script )

ရုပ်ဝါဒက စိတ်နှင့် သိမှု အစဉ်ကို ရုပ်ပိုင်း၏ ဖြစ်စဉ် တစ်ခု အနေနှင့်သာ သတ်မှတ်သည်။ သိစိတ်သည် ဦးနှောက်၏ ဖြစ်စဉ်ဖြစ်သည်။ ဦးနှောက် အတွင်းရှိ မော်လီကျူးလေးများ စူးရှစွာ ပွတ်လိုက်ရင်းမှ ထွက်ပေါ်လာသော အလင်းအမှုန်စကလေး များသည် သိစိတ် ဖြစ်သည်ဟု ဆိုသည်။ ယင်းအလင်း မှုန်ကလေးများသည် ဖော့စ်ဖရပ် သတ္တုဓါတ်များ ဖြစ်သည်။

သောမတ်ဟက်ဇ်လေ က-

“သားရိုင်းကောင်တွေရဲ့ သိစိတ်ဟာ သူတို့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ ဆက်နွယ်ဟန် ရှိတယ်။ ခန္ဓာ နဲ့ ဦးနှောက် မျဉ်းပြိုင် အလုပ်လုပ်တယ်။ မော်တော်ယာဉ် တစ်စင်းရဲ့ အလုပ်လုပ်ပုံမှာ ရေနွေးခေါင်းက မီးခိုးတွေ မှုတ်ထုတ် နေသလိုမျိုး ပဲ။ မီးခိုးမှုတ်ထုတ် တဲ့ ပုံ အပြောင်းအလဲ ရှိလာမယ် ဆိုရင် အဲ့ဒါက အတွင်း စက်ပိုင်း တစ်ခုခု ဖြစ်နေပြီလို့ သိရသလိုပဲ – စိတ်ကိုလဲ မှတ်ယူ နိုင်တယ်။ ဒါပေမယ့် အဲ့ မီးခိုးက စက်ကို ဖြစ်စေနိုင်တဲ့ ပင်မ အကြောင်းတရား မဟုတ် သလို စိတ်ကလည်း ရုပ်ကို ဖြစ်စေနိုင်တဲ့ အကြောင်းတရားတော့ မဟုတ်ဘူး။

Read more of this post

မက်ခီယာ ဗယ်လီနှင့် ခေတ်ပြိုင် နိုင်ငံရေး

အရင်က ကျနော် ဒီဘလော့ထဲက ဒီနေရာမှာ မက်ခီယာဗယ်လီရဲ့ The Prince ကျမ်း အစကို ဖော်ပြထား ခဲ့ဖူးပါတယ်။

မက်ခီယာ ဗယ်လီ ကို နိုင်ငံရေး သီဝရီ၊ နိုင်ငံရေး သဘောတရားပိုင်း နည်းနည်း တီးမိခေါက်မိမယ့် သူ ၊ ဒါမှမဟုတ် ဒဿနိက ဗေဒ သမား တွေအတွက် သိကြတဲ့ နာမည် တစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒါ အပြင် မက်ခီယာ ဗယ်လီလို့ ဆိုရင် ဟစ်တလာကို ပြေးမြင်တဲ့ သူတွေလည်း ရှိတယ်။ ဘာလို့ဆို ဟစ်တလာ အပေါ် မက်ခီယာ ဗယ်လီရဲ့ အတွေးအခေါ် အယူအဆ တော်တော်များများ လွှမ်းမိုးမှု ရှိတယ်လို့  ယူဆထားကြလို့ပါပဲ။

မယ်ခီယာ၏ လွှမ်းမိုးမှု ရှိခဲ့သည် ဆိုသော ဂျာမန် ခေါင်းဆောင် ဟစ်တလာ

မက်ခီယာ ဗယ်လီရဲ့ အတွေးအခေါ် အချို့က ပြတ်သားတယ်။ ရှင်းတယ်။ ပုထုဇဉ် လူသားဆန်တယ်။ လက်တွေ့ဆန်တယ်။ အပေါ်ယံ ကြော ကြည့်ရင် သူတော်ကောင်း ၀ါဒကို သရော်ထားတယ်။ “နည်းလမ်းကို အကျိုးရလာဒ်နဲ့သာ တိုင်းတာတယ်” ဆိုတာ မျိုးလို ( သူတို့ ခေတ် သူတို့အခါအတွက် ) ခပ်ဟော့ ဟော့ ခပ် ပြတ်ပြတ် အတွေးများပဲ ဖြစ်ပါတယ်။

မိတ်ဆက်အနေနဲ့တော့ နည်းနည်း ရေးချင်ပါတယ်။ ဒါပေမယ့် အထက်မှာ ပြောခဲ့တဲ့ လင့်ခ်နေရာလေးနဲ့ ဒီအောက်က ဟာကို ဖတ်ကြည့်ပြီး နည်းနည်းတော့ ယားကျိကျိလေး ခံစား – သိ ကြည့်တာ ပို သင့်တော် ပါလိမ့်မယ်။ အယူဝါဒ ဒါမှမဟုတ် အယူအဆ တစ်ခုကို အကောင်း အဆိုးနဲ့ ဆုံးဖြတ်မလား၊ အမှန် အမှားနဲ့ ဆုံးဖြတ်မလား။ ဆုံးဖြတ်ခြင်း လက်ခံခြင်း၊ ငြင်းပယ်ခြင်း ၊ ခံယူခြင်း တွေ အကုန်လုံးက စာရှုသူတွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်။

ဒီအောက်က စာက  The  Wave  မှာ  ဆရာဘမောင်ညို ရေးထားတာပါ။ အဲ့ဒါတွေနဲ့ ပတ်သက်လို့  တွေးကြည့်၊  ယှဉ်ကြည့် တာလေးတွေ ရှိပါတယ်။  ပြောတော့ပြောချင်ပါသေးတယ် ။  ဒါပေမယ့် နောက်မှ – 🙂

ဇေယျ

…………………………..


မက်ခီယာ ဗယ်လီဟာ ရှေးဟောင်း အတွေးအခေါ်များကို တစ်ခေတ် ဆန်းစေခဲ့သူ လို့ အဆိုရှိပါတယ်။ ဒါပေမယ့် သူဟာ ၎င်း အတွေးအခေါ် များမှ အချို့ကို သဘော တူနိုင်ခြင်း မရှိဘဲ၊ သူ့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် များ၊ ရယ်ဒီကယ် ( Radical ) အလိမ်အခေါက်များ အဖြစ် ဖော်ပြ ခဲ့ပါတယ်။ မက်ခီယာ ဗယ်လီရဲ့ အခြေခံ အယူအဆ မှာ ခရစ်ယာန် ၀ါဒရဲ့ သည်းခံခြင်း၊ နှိမ့်ချခြင်းတွေ ကြောင့် ကမ္ဘာကြီးကို ယုတ်မာ ညစ်ပတ်မှုတွေ က လွှမ်းမိုး သွားစေခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ဘုရားသခင် ကို မကိုးကွယ်သော ၀ါဒ ( သို့မဟုတ် ) ဒိဋ္ဌိဝါဒ ကသာ ကိုယ့်ကိုယ်ကို ထိန်းသိမ်း မြှင့်တင်နိုင်မှာ ဖြစ်ပြီး၊ ခရစ်ယာန်တို့ရဲ့ ကိုယ့်ကိုယ်ကို စွန့်လွှတ်ပေးဆပ်ခြင်းထက် သာလွန်တယ် လို့ ယူဆသူသာ ဖြစ်ပါတယ်။ မက်ခီယာ ဗယ်လီ ရဲ့ အယူအဆများကို ယနေ့ ခေတ်မှာပဲ ဂရုတစိုက် လေ့လာဖို့ လိုအပ်လာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ အယူအဆ ဟာ နိုင်ငံရေး ဆိုသည်မှာ နည်းပရိယာယ်နဲ့ ကောက်ကျစ်မှုများသာ ဖြစ်တယ်။ ဘယ်ပေါ်လစီမှာ မဆို ဒီအယူအဆကိုသာ အခြေခံတယ် ဆိုတာ တွေ့ရလိမ့်မယ်လို့ ဆိုထား တာကြောင့် ဖြစ်ပါတယ်။

ဥပမာ ငါးခုလောက် ပေးထားပါတယ်။ ပထမဆုံး ဥပမာက ၁၉၈၈ ခု လောက်က ပါလက်စတိုင်း တို့ရဲ့ အင်တီဖာဒါ လှုပ်ရှားမှု ပေါ် အစ္စရေး ကာကွယ်ရေး ၀န်ကြီး ရစ်ဇတ်ရာဘင်က ရက်ရက်စက်စက် ဖြိုခွင်း ခဲ့တယ်။ ဒီအချိန်က တစ်ကမ္ဘာလုံးက အစ္စရေးတို့ကို စေ့စပ်ဆွေးနွေးဖို့ ဖိအား ပေးခဲ့ကြတယ်။ ဒါပေမယ့် ရာဘင်ရဲ့ အယူအဆ ကတော့ “အင်အား ချည့်နဲ့သော ၊ ညံ့ဖျင်းသော အစိုးရမျိုးသာ လမ်းပေါ်က မင်းမဲ့ ဆူပူမှုများနဲ့ စေ့စပ် ဆွေးနွေးလိမ့်မယ်” လို့ ပြောခဲ့တယ်။ အမေရိကန် လစ်ဘရယ်များက လည်း ရာဘင်ကို ရှုတ်ချခဲ့တယ်။

ဒါပေမယ့် နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများအပြားနဲ့ ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီးမှ ပါလက်စတိုင်း၊  ဂျော်ဒန်တို့နဲ့ ငြိမ်းချမ်းရေး ပြုလုပ် ခဲ့တယ်။ မက်ခီယာ ဗယ်လီသာ ဆိုရင် ရာဘင်ရဲ့ ဒီသုစရိုက် တရားကို လက်ခံ သဘောကျ ပါလိမ့်မယ်။ ပြီးပြည့်စုံမှု မရှိတဲ့  ကမ္ဘာကြီးမှာ ကောင်းကျိုးကို ဆောင်လိုတဲ့ လူကောင်းများ ဟာ ဘယ်လို ဆိုးပြရမယ် ဆိုတာကို လည်း သိထားရလိမ့်မယ် လို့ မက်ခီယာ ဗယ်လီ က ပြောခဲ့ဖူးတယ်။ Read more of this post

The Concept “Infinity”

Does one concentrate purely on the mathematical aspects of the topic or does one consider the philosophical and even religious aspects?
The most famous among those is the problem of Infinity.The concept ” Infinity ” cause the great difficulties for many thinkers over centuries. If u was a professional thinker,u might thought that at least . Because it is correspond not only to the reason of human thought ,but also even religious aspects.

ဘာသာစကားကဗျာ နှင့် နောက်ဆက်တွဲ

ရုံးကိစ္စ တွေ ရှင်းရင်း စာတစ်ပုဒ်တော့ ရေးရမယ်ဆိုတော့ ရေးချင်တာက ကဗျာ။ ဒါပေမယ့် ကဗျာဆိုတာကို နာမည်တပ်ပြီး ထွက်လာတာ တွေက တကယ့် ကဗျာ ဟုတ်လို့လား လို့ တွေးမိပြန်တယ်။ ကဗျာ ဆိုတဲ့ စကားကလည်း ကြီးမြတ်နေတာလား ။ ဒါမှမဟုတ် စကား မဟုတ်တာလား ဟုတ်တာလားလည်း မသိဘူးလေ။ ကဗျာဆိုတာ ………….. ရယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေး ၊ ပြန်ဖြေ အတွေးနယ်ချဲ့တော့လည်း နလပိန်းတုံး – ငါ – ရှေ့ကို မတိုးနိုင်ဘူး။ ရင်ဘတ်ထဲက ထွက်အံကျလာသမျှ သွန်ချမိတာလေး တွေကို ကဗျာလို့ ထင်ယောင် မြင်ယောင် သတ်မှတ်တာ။ အများသူငါ မသတ်မှတ်လည်း ကိုယ် သတ်မှတ်ခဲ့တာလေ။

အဲ့မှာ ဖြတ်သန်းလာခဲ့တဲ့ တစ်လျောက် ရင်ထဲ ထိမိ ရှမိတဲ့ အကြောင်းကတော့ ကဗျာကို ချစ်တာ။ ကဗျာလို့ ခေါ်တဲ့ ရင်တွင်း အမှန် ထွက်လာတဲ့ စီးဆင်း လာတဲ့ သဘောလေး ( Flow ) လေးကို ချစ်တယ်။ ဆိုလိုတာက ကိုယ်ကိုယ်တိုင်မှာ မရှိတဲ့ ရိုးသားမှု လေးကို ဒီကဗျာဆိုတာ မှာ တွေ့ရလို့ ချစ်တယ်။ ဒါဆို ကဗျာဆရာတိုင်း ရိုးသား ကြသလား မေးမယ်။ မရိုးသားပါဘူး။ ကဗျာကို စကားလုံးလှလှ သုံးတိုင်း ကဗျာလို့ ထင်ကြတာရှိမယ်။ စိတ်ကူးထဲမှာ စွတ်ဆက် ခံစားရတိုင်း သွန်ချနေတာ ရှိမယ်။ ကဗျာဆရာ ဆိုတာ အနည်းဆုံး ကိုယ့်ရင်ထဲတော့ ကိုယ်ပြန်မြင်ရမယ်လေ။ ( ကျနော့ ခံယူချက်ပါ ၊ မှားရင်လည်း မှားမယ် )

စာပေသီဝရီလို့ စကားလုံးထွားထွား ခဏငှားသုံးပြီး ပြောရင် Psychical Criticism အရ စာရေးသူ၊ ကဗျာရေးသူက သူ့ စိတ်ပုံရိပ်တွေ၊ သူ့စိတ် အရောင်တွေ သူ့စာမှာ ဖြန့်ကျက်ထားမှာ။ ဒီစာပေါ်မှာ သူ့စိတ်တွေက ရှပ်ပြေးနေမှာ။ စိတ်အရောင်တွေ သွားနေသမျှကို ကျနော်ကြိုက်တယ်။ ဒါနဲ့ပဲ၊ ဒါကိုပဲ ကဗျာလို့ သတ်မှတ်ပြီး ကျနော့် ဘာသာ ကဗျာ ဆိုတာကို ကြိုက်မိတယ်။

အောက်မှာ ကဗျာ ဆိုတာ နဲ့ပတ်သက်ပြီး ၊ ကဗျာဆရာ နဲ့ ပတ်သက်ပြီး ဆရာများ ပြောထားတာ တွေ့ရပါလိမ့်မယ်။ ကျနော့် ဘာသာ သတ်မှတ်တဲ့ ကဗျာဆိုတာများ နဲ့ ဘယ်လိုများ ဖြစ်နေသလဲတော့ မသိ။ ကျနော် မခွဲခြားတတ်၊ ။ ဆိုလိုတာကတော့ ကဗျာ ဆိုတဲ့ ဝေါဟာရက ကျနော် သွန်ချချင်ရာ သွန်ချ မိသွားတဲ့ စကားစုလိုပဲ သတ်မှတ် လိုက်ရမလား ။ တကယ့် တိတိပပ သတ်မှတ်ကြသလား။ ဝိဝါဒတွေ တော့ မငြိမ်သက်သေး၊ စီးဆင်းမြဲ၊ ရွှေ့လျားမြဲ၊ ပြောင်းလဲ နေမြဲဆိုတာ အကိုဇေယျာလင်း ရဲ့ Topics မှာ တွေ့ကြရမယ် ထင်ပါတယ်။

ကိုဇေယျာလင်း ပြောထားတာ တွေက ကျနော် အထက်မှာ ပြောတာတွေနဲ့ ဆိုင်ချင်မှ ဆိုင်မှာပါ။ ကျနော့် အတွေးကိုသာ ကျနော် ရေးထားတာ ဖြစ်ပါတယ်။ အောက်ပါ ပို့စ်ရဲ့ ဖော်ပြခွင့်ကို အကိုတို့ ဆိုဒ်မှာ ခွင့်တောင်းထားပြီးပါပြီ။ အဲ့ ဆိုဒ်က ဒီမှာ ပါ။ ပညာသား ပါတယ် လို့ မပြောလိုပါဘူး။ အဲ့လို ပြောတာထက် ကဗျာ အပေါ် ဘယ်လို စိတ်စေတနာ ရှိတယ် ဆိုတာကို ဒီစာ၊စကားမှာ မြင်ရမယ် ထင်ပါတယ်။ အဲ့လို ပြောတာ ပိုကောင်းမယ် ထင်ပါတယ်။ Read more of this post