နွံမှ နေ၍

“Meditation” ကို ဘာဝနာ လို့ ပြန်ဆိုတဲ့ အခါ- အဲ့ စကားမှာ အရှုပ်အထွေး ရှိတယ်။ ဝေါဟာရ အနက်ပြန်ရင် – မူရင်း သိုးဆောင်း အလိုမှာ – ဆင်ခြင်တယ်- ခွဲခြမ်းတယ် – စူးစမ်း ပိုင်းဖြတ် တယ် ဆိုတဲ့ အဓိပ္ပါယ်တွေ အကြမ်းဖျဉ်း ပါဝင် တယ်။ အရှေ့တိုင်း အားဖြင့် ဆိုရင်တော့ – သူ့ နောက်ကွယ် မှာ နက်ရှိုင်းတာတွေ ကျန်နေ တယ်။ ဒါ့ကြောင့် အဲ့အတွင်း ပိုင်း အထိ မတိုးဝင်နိုင် ရင် ဘာဝနာ ဆိုတဲ့ စကား အပေါ် အခြေခံ မခိုင်၊ ပေါ့ပျက်နေမှာပဲ။

ဘာဝနာ ရဲ့ အတွင်းဆုံး အောက်ခြေ မှာ “လွတ်မြောက်မှု” မောက္ခ ရှိတယ်။ လွတ်မြောက်မှု လို့ ဆိုတာနဲ့ – ဘယ်က လွတ်မြောက် မလဲ။ ကြောက်ရွံ့မှုက — ဒုက္ခက –ချုပ်နှောင်မှုက – ကျဉ်းကျပ်မှု က – စသဖြင့် လွတ်မြောက်မှု အစီအရီ ခေါ်ဆိုကြမယ်။ ဒီ လွတ်မြောက်မှု ကို အခြေပြုပြီး ဘာဝနာ ဟာ အခိုင်မာဆုံး ရပ်တည် ထားပါတယ်။

Read more of this post

သူက သူ့ကို ဘယ်လို သတ်မှာလဲ

How to stop thinking?
အတွေးစဉ်ကို ဘယ်လိုရပ်ရမလဲ။

ရှေ့တစ်ပုဒ်မှာ ကျနော် ဖြေထားခဲ့ပြီးပါပြီ။ ဒါပေမယ့် ထပ်မေး လာတာမို့ ထပ်ဖြေကြည့် ပါမယ်။

အတွေးစဉ်ကို ရပ်လို့ မရပါဘူး။ ရပ်လည်း မရပ်နိုင်ပါဘူး။ ရပ်ဖို့ မကြိုးစားသင့်ဘူး။ ဘာလို့ဆို အတွေးဟာ သူ့အလိုအလျောက်သာ ရပ်သွား နိုင်မယ်။ မိမိကိုယ်၌က အတင်းအကျပ် ရပ်ဖို့ ကြိုးစားရင် မှားပါလိမ့်မယ်။ ဒီအချက်ကို အရေးတကြီး နားလည် မှတ်သား ထားနိုင်ဖို့ လိုပါတယ်။ အတင်းရပ်ဖို့ ကြိုးစားရင် ရူးသွပ် သွားတာသာ အဖတ်တင် ကျန် နေရစ် ပါလိမ့်မယ်။

ဘယ်တွေးခေါ်မှု ဘယ်စဉ်းစားမှုမှ မရှိတော့တဲ့ အခြေအနေကို ဇင်မှာ “no-mind” စိတ်အတွေးစဉ် မရှိတော့ခြင်း။ ကုန်ဆုံးသွားခြင်း လို့ ခေါ်ပါမယ်။ no-mind ဆိုတဲ့ စိတ် အတွေးစဉ် ကုန်ဆုံးသွားတာဟာ ရပ်တန့်ထားတာ မဟုတ်ပါဘူး။ ဒါဟာ လုပ်ယူပြီး ရပ်တန့်ပစ်ရတဲ့ အရာ မဟုတ်ဘူး။ ရပ်တန့်ဖို့ ကြိုးစား အားထုတ် နေသမျှဟာ စိတ်ဇောကိုသာ ဖြစ်သွားစေလိမ့်မယ်။ ခင်ဗျား စိတ်အတွင်းမှာ အချင်းချင်း ပဋိပက္ခ တွေသာ ဖြစ်ပေါ်အောင် ဖန်တီး နေလိမ့်မယ်။ ခင်ဗျား စိတ် အစဉ် ဖရိုဖရဲ ဖြစ်သွားမယ်။ နောက်ဆုံး စိတ် ကစဥ့်ကလျားနဲ့ ရူးသွပ် သွားပါလိမ့်မယ်။ အတွေးစဉ်ကို ရပ်တန့်ဖို့ ကြိုးစားခြင်းဟာ ရူးသွပ်သွား ဖို့က လွဲရင် ဘာမှ မကူညီ နိုင်ဘူး လို့ ကျနော် ဆိုလိုပါတယ်။

ဒါပေတဲ့ အချို့ရှိတာက – ( အများအားဖြင့် ) အတင်း လုပ်ယူတယ်။ အဲ့ဒီ အခါ- ခင်ဗျား ကြိုးစား အားထုတ်နေတဲ့ အချိန် ခဏတာလေး အတွင်း အောင်အောင်မြင်မြင် ရပ်တန့် သွားကောင်း ရပ်တန့် သွားမယ်။ ဥပမာ – ငါ ဘာမှ မတွေးတော့ ဘူးကွာ လို့ အတင်း အကျပ် – စိတ်ကို စိုက်ကြည့် ဖယ်ရှားနေ တာမျိုး ။ အဲ့ဒါဟာ အဲ့ဒီ ခဏတာ အတွက် ဖြစ်ပါတယ်။ အောင်အောင်မြင်မြင် ငြိမ်ကျသွားမယ်။ အဲ့ခဏတာ လေး အတွင်း ခင်ဗျား စိတ်အတွေးစဉ် ကို ဖယ်ချ ထားနိုင်မယ်။ အမှောင်ချည်း သက်သက်၊ ဗလာချည်း သက်သက် ငြိမ်သွားနိုင်တယ်။ ဒါပေမယ့် အဲ့ဒါဟာ ငြိမ်သွားတာ သက်သက်ပါပဲ ။ စင်စစ် ဘာဝနာရဲ့ တကယ့် အဖြစ် No-mind ( စိတ်အတွေးစဉ် ကုန်ဆုံးမှု ၊ တိတ်ဆိတ်မှု ) ဆီကို ရောက်ရှိ တာ မဟုတ်ဘူး။ စိတ် အတွေးတွေဟာ ခဏ ရပ်တန့်ထားတာ သက်သက်။ အားစိုက် ထုတ်ထားတဲ့ ရပ်တန့် နေမှု သက်သက်။ သူ့ရဲ့ အောက် – ခင်ဗျားရဲ့ အတွင်းစိတ် ၊( ဆစ်ဂမန်ဖရွိုက်ရဲ့ စကားနဲ့ ဆိုရင်- မသိစိတ် ) မှာ ဖိစီး ထားခံ လိုက်ရတဲ့ အတွေးစိတ် ခံစားချက်တွေ ငုပ်လျိုး ကျန်နေရစ်တယ်။ အဲ့ဒီ အငုံ့စိတ်တွေဟာ ခင်ဗျား ပုံမှန် ပြန်ဖြစ်တာနဲ့ ( ဘာဝနာကနေ ကင်းလွတ်လိုက်တဲ့ ခဏမှာ ) ဒုက္ခ ပေးတော့တာပဲ။

Read more of this post

“စောင့်ကြည့်မှု” ကို “တွေးကြည့်” သည့် အခါ

Question: စောင့်ကြည့်မှု ( Witnessing ) ကို – ဘာဝနာ လို့ ခင်ဗျား မကြာခဏ ပြောပြောနေတယ်။ ကျနော့ ကိုယ်၊ စိတ်၊ အတွေးတွေ ကို ကျနော့ ဘာသာ တကယ် စောင့်ကြည့် နေပါတယ်လို့ ကျနော် ဘယ်လိုနည်း နဲ့ သိနိုင်မလဲ။ ကျနော့်ဘာသာ ကျနော် စောင့်ကြည့် နေပါတယ် လို့ ဟန်ဆောင် နေလိုက် လို့ ကော မဖြစ်နိုင်ဘူးလား ။

Answer: အခု မေးခွန်းက တွေးတောပြီး မေးတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဘာလို့ဆို – တကယ်တမ်း ခင်ဗျား ကိုယ် ခင်ဗျား ဟန်ဆောင် လို့ မရလို့ပါ။ စပြီး စောင့်ကြည့်မှု လုပ်ပြီ ဆိုတာနဲ့ ဒါဟာ ဟန်ဆောင်လို့ မရမှန်း ခင်ဗျား သိနိုင် ပါတယ်။ ဟန်ဆောင် နေမယ် လို့ ထင်တာက စိတ်ကူး အတွေး တစ်ခုပဲ။ အဲ့ဒီ ဟန်ဆောင် စောင့်ကြည့် နေမယ် ဆိုတဲ့ စိတ်ကူး အတွေး ကို ဘယ်သူ တွေးလဲ။ ဆိုလိုတာက အဲ့ဒီ အတွေး နောက်ကွယ်မှာ ဘာရှိသလဲ။ တစ်ခုခု ရှိနေတယ်။ အဲ့ဒါက အဲ့အတွေးကို သိနေတဲ့ စောင့်ကြည့်မှုပဲ။

ဒါ့ကြောင့်မို့ အဲ့ဒါနဲ့ ပတ်သက်လို့ တော့ ခင်ဗျား တကယ့်လက်တွေ့မှာ ရှုပ်ထွေးမသွား ဘူး။ ဘာလို့ဆို စောင့်ကြည့်မှု သိမှုရဲ့ နောက်မှာ ဘာမှ မရှိဘူး ။ ခင်ဗျား စောင့်ကြည့်တာကို ပြန်စောင့်ကြည့် မနေနိုင်ဘူး။ ဆိုလိုတာက စောင့်ကြည့်မှု သဘော သက်သက်ဟာ အတွေး၊ စိတ်ကူး ကနေ သီးခြား ကင်းလွတ် နေပါတယ် ။ ဒါ့ကြောင့် ခင်ဗျား ဟန်ဆောင် စောင့်ကြည့် နေပါတယ် – ဆိုပါစို့။ အဲ့ဒီ ဟန်ဆောင် စောင့်ကြည့် နေတယ် ဆိုတာ ကိုပါ စောင့်ကြည့် သိနိုင်နေတယ်။ အဲ့ဒီ ဟန်ဆောင် နေတဲ့ အဖြစ် က သိသိသာသာ ပေါ်လွင် နေပါတယ်။

Read more of this post

ဘာဝနာသည် ရိုးစင်းသော ဖြစ်စဉ်

ခင်ဗျား အနေနဲ့ ဘာမှ မလုပ်တော့တဲ့အခါ၊ ဆိုလိုတာက တကယ့်ကို ခန္ဓာကိုယ်ရော၊ စိတ်ရော၊ ဘယ်လို ဘယ်အတိုင်းအတာနဲ့မှ ဘာမှ – မလုပ်တော့တဲ့ အခါ ၊ ခင်ဗျားရဲ့ လှုပ်ရှားနေသမျှ အားလုံး အားလုံး ငြိမ်ဝပ် သွားပြီး ခင်ဗျားဟာ ခင်ဗျား အဖြစ်ပဲ ရိုးသားစွာ ရှိနေတဲ့အခါ — အဲ့ဒါဟာ ဘာဝနာ ဖြစ်ပါတယ်။ ဒါဟာ ခင်ဗျားက လုပ်ယူတာ မဟုတ်ဘူး။ အလေ့အလာ လုပ်ယူတာလည်း မဟုတ်ဘူး။ ခင်ဗျား သန္တာန်မှာ ရှင်းရှင်း လင်းလင်း နားလည် သွားဖို့ပဲ လိုအပ်တာ ဖြစ်ပါတယ်။

ကိုယ် ဖြစ်ရှိနေရုံလေးမျှ အဖြစ်ကို သိမြင်နိုင်ဖို့ ခင်ဗျား အချိန်ရတဲ့ အခါတိုင်း၊ ခင်ဗျားမှာ ရှိတဲ့၊ ခင်ဗျား သန္တာန်ထဲ ရှိတဲ့ လုပ်ကိုင်နေတဲ့ အရာအားလုံးကို လွှတ်ချထား ကြည့်ပါ။ စဉ်းစားတယ် ဆိုတာလည်း လုပ်တာပဲ။ စူးစိုက်တယ် ဆိုတာလည်း လုပ်ယူတာပဲ။ ဆင်ခြင်တယ် ဆိုတာလည်း လုပ်ယူတာပဲ ဖြစ်ပါတယ်။ တစ်ခဏ လောက်ပဲ ဖြစ်ဖြစ် ဘာဆို ဘာမှ မလုပ်ဘဲ၊ ခင်ဗျားရဲ့ ဗဟိုချက်လေး မှာ အပြည့်အဝ နေထိုင် ကြည့်ကြည့်ပါ။ အဲ့ဒါဟာ ဘာဝနာ ( Meditation ) ပဲ ။ အဲ့အခြေအနေကို ခင်ဗျား တစ်ကြိမ် တစ်ခါ လောက် ရောက်ဖူးပါသလား။

တစ်ခါ ရောက်ဖူးပြီ ဆိုရင်တော့ ခင်ဗျား ဆန္ဒရှိတဲ့ အချိန်မှာ အဲ့အခြေအနေကို ပြန်ပြန်ပြီး ဝင်နိုင်ပါပြီ။ အဲ့လိုနဲ့ နောက်ဆုံး၊ နှစ်ဆယ့် လေးနာရီ တစ်ရက် ပတ်လည်လုံး အဲ့အခြေအနေ အတိုင်း ခင်ဗျား နေထိုင် သွားနိုင်လာ ပါလိမ့်မယ်။

ဒီလို နေထိုင်ရင်း ခင်ဗျားကို ပြင်ပက ဘာမှ အနှောင့်အယှက် မပေးနိုင်ဘူးဆိုတာ မြင်လာတာနဲ့ တစ်ပြိုင်နက် ဘဝရဲ့ အရေးအရာတွေကို ဖြေးဖြေး မှန်မှန် ပြုလုပ်သွားနိုင်လိမ့်မယ်။ တစ်ကြိမ်တည်းမှာ ခင်ဗျားရဲ့ အဖြစ်၊ ခင်ဗျားရဲ့ သန္တာန်ဟာ တွေဝေမှု မရှိ၊ လှုပ်ခတ်မှု မရှိ နိုးကြားနေမယ်။ ဒါဟာ ဘာဝနာရဲ့ ဒုတိယ ကဏ္ဍ ဖြစ်ပါတယ်။

Read more of this post

ကိုဓ

လက်တစ်ဖက် ဆုံးရင် လက်တစ်ဖက် ချင်း၊ မျက်လုံး တစ်ဖက် ကန်းရင် မျက်လုံး တစ်ဖက် ချင်း ဆိုတဲ့ ဟမ္မူရာဘီရဲ့ ကိုဓ ဥပဒေက ကြီးစိုးလျက် ပဲလား။ လူတွေ ရင်ထဲမှာ ရန် အငုတ်၊ အငြှောင့်တွေနဲ့ ဆိုတာ ရှိနေတာပဲလား ။ အဲ့လို တွေးဖြစ်လာတဲ့ သတင်း ဖတ်မိတာ ပြောရင် –

Ameneh Bahrami

၁၆ ရက်နေ့ နေ့စွဲနဲ့ တင်ရှိလာတဲ့ လော့စ် အိန်ဂျလိ တိုင်းမ်မှာ ပြီးခဲ့တဲ့ ခုနှစ်နှစ်လောက် အချိန်က အီရန် အမျိုးသမီး တစ်ယောက် ကို အက်ဆစ်နဲ့ ပက်ခဲ့တဲ့သူ – အဲ့လူကို အခု ဘယ်လို ပြစ်ဒဏ် ချမလဲ ။ ခုံရုံးက အကြိတ်အနယ် စဉ်းစားနေရတယ်။ ရွှေ့ဆိုင်းလိုက်ရတယ် ၊ ဆိုင်းငံ့ထားရတယ်လို့ ကြားတယ်။

မာဂျစ် မိုဗာဟယ်ဒီ ဆိုတဲ့ ၂၁ နှစ်အရွယ် လူငယ်က သူ့ကို လက်ထပ်ဖို့အတွက် ငြင်းဆန်ရကောင်းလား ဆိုတဲ့အကြောင်း ပြချက်နဲ့ အမီနာ ဘာရာမီဆိုတဲ့ အမျိုးသမီးကို ဆာလဖျူရစ် အက်ဆစ် တစ်ဂါလံ ကျော်ကျော် လောင်းချခဲ့တယ် ဆိုပဲ။ အဲ့အချိန်က လွန်ခဲ့တဲ့ ခုနှစ်နှစ် ၊ ၂၀၀၄ ခုနှစ်က ။ အဲ့တုန်းက ဘာရာမီက တဲဟ်ရန်းမှာ နေတယ်။ အောင်လည်း အောင်မြင်နေတဲ့၊ ရည်ရွယ်ချက် ရည်မှန်းချက် လည်း ကြီးတဲ့ မိန်းကလေး အင်ဂျင်နီယာ တစ်ယောက် အဖြစ် ဘဝရပ်တည် နေခဲ့တာ။ အခုတော့ သူ့အတွက် ဆာဂျရီ ခွဲစိတ်မှု ပြုရာ စပိန်မှာ နေ နေပါတယ်။

ဒီလို ပြစ်ဒဏ်မျိုးကို အီရန်နိုင်ငံရဲ့ အစ္စလာမ် ပြစ်မှုဆိုင်ရာ ဥပဒေတွေမှာ ခွင့်ပြုပါတယ်။ qisas လို့ ခေါ်မယ်။ retributive justice တဲ့။ တရားခံရဲ့ ခန္ဓာကိုယ်ကို တူမျှတဲ့ ပြစ်ဒဏ် ချမှတ်ခြင်း တစ်မျိုး လို့ပဲ ဆိုရမယ်။

ဘိုင်ရု က အစ္စလမ်လေ့လာရေး ပညာရှင် အာမက် မူဆာလီ ရဲ့ အပြောအရတော့ ဒီ retributive justice ဆိုတာ ပုဂ္ဂိုလ်ရေး အချင်းချင်း ပြစ်မှု ဖြေရှင်းရာမှာ ဘုံသုံးလေ့ ရှိတဲ့ နည်းလမ်း တစ်ခုပဲတဲ့။ တရားရုံး တွေမှာ ပြစ်ဒဏ် ချမှတ်တာ ထက် အများအားဖြင့် မိသားစုဝင် အချင်းချင်း ကြားမှာပဲ ဖြေရှင်းလေ့ ရှိတဲ့ နည်းပဲ လို့ ဆိုပါတယ်။ Read more of this post

သေသည်၏ အခြားမဲ့မရှိဟူသော ဟောကင်း

Stephen Hawking

 ဝဘ် စာမျက်နှာများ လှန်လှော ကြည့်ရင်း ဘာသာပြန်ဆို ချင် လာသော ကြောင့် ပြန်ဆို ထားသော တစ်ပုဒ် ဖြစ်ပါသည်။

ကိန်းဘရစ်ခ်ျမှ ကမ္ဘာ ကျော် ရူပဗေဒ ပညာရှင် စတီဗင် ဟောကင်း ၏ ပြောကြားချက် အချို့ကို တင်ပြရန် ဖြစ်သည်။

ဟောကင်းက ၎င်း၏ ယုံကြည်ရာ မှာ ကောင်းကင်ဘုံ သို့မဟုတ် သေသည် ၏ အခြားမဲ့ ဘဝ ဟူသည် တို့သည် သေခြင်း တရားကို ကြောက်လန့် တတ်ကြသော သူများ အတွက် ခြောက်လှန့် တတ်သော ပုံဝတ္ထု များသာ ဖြစ်သည်ဟု ဆိုသည်။

အချိန်၏ သမိုင်း အကျဉ်း ဟူသော နာမည်ကျော် ရူပဗေဒ ဆိုင်ရာ ကျမ်းကို လူပိန်း နားလည်အောင် ရေးသားခဲ့သူ ဟောကင်း ကို ပြီးခဲ့သည့် တနင်္လာနေ့က ဂါးဒီးယန်း သတင်းစာမှ အင်တာဗျူး ခဲ့သည်။ ယင်း အင်တာဗျူးတွင် ဦးနှောက် အတွင်း တုံ့ပြန်မှု ဖြစ်ပေါ်သမျှ နောက်ဆုံး အချိန် ခဏတာ၏ အလွန်၌ မည်သည့် အရာမှ မရှိ ဟု ပြောကြားခဲ့သည်။

ဟောကင်းသည် အသက် ၂၁ နှစ် အရွယ်ကတည်းက အာရုံကြော ချို့တဲ့မှု ရောဂါတစ်မျိုးခံစားနေရသူ ဖြစ်သည်။

၎င်းက “လွန်ခဲ့တဲ့ လေးဆယ့် ကိုးနှစ် ကတည်းက သေမယ် ဆိုရင် သေနိုင်တဲ့ ရောဂါ ဝေဒနာနဲ့ ကျွန်တော် အသက် ဆက်လာ ခဲ့တာပါ။ သေတာကို မကြောက်ဘူး ။ ဒါပေမယ့် မြန်မြန် လည်း မသေချင်ပါဘူး။ လုပ်လို့ ရသရွေ့မှာ အဖြစ်ချင်ဆုံး အကောင်းဆုံး တော့ လုပ်သွားဦးမှာ” ဟု ဆိုသည်။

Read more of this post

Just Think

လူ့စင်စစ် မည်သို့ ဖြစ်သနည်း

ယုတ္တိဗေဒသည် တွေးတောခြင်း၏ သိပ္ပံပညာရပ် ဖြစ်သည်။ တွေးတော စဉ်းစားခြင်းသည် အသိပညာ ( သညာ ) များဖြင့် စိတ်ကို ဆေးကြောသည်။ ( သို့သော် သန့်စင်ချင်မှ သန့်စင်ပေမည်။ ) အသိသညာ များဖြင့် တည်ဆောက်လာခြင်းဖြင့် သိစိတ် အစဉ် ဖြစ်လာသည်။ ၎င်းသည် သေဆုံးရပ်တန့်နေသော အရာမဟုတ်။ ရှင်သန်နေသော ဖြစ်စဉ် တစ်ခု ဖြစ်သည်။ စွဲယူခြင်း၊ ဆန့်ကျင်ခြင်း တို့ကဲ့သို့ မက္ကင်းနစ် ဖြစ်စဉ် တစ်ခုလည်း မဟုတ်ပေ။ တွေးတောခြင်းသည် သိစိတ် ဖြစ်စဉ်၏ ဆက်နွယ်ချက် တစ်ရပ် ဖြစ်ပြီး ဇီဝရုပ် တိုးတက်လာသည် နှင့် အမျှ ဖွံ့ဖြိုးလာရသော လုပ်ဆောင်ချက် လည်း ဖြစ်သည်။ တွေးတောခြင်း ဖြစ်စဉ်သည် လူပုဂ္ဂိုလ်တစ်ဦးချင်း စီမှ တစ်ဆင့် မျိုးနွယ်အတွင်းသို့ စိမ့်ဝင် တိုးတက် ပျံ့ နှံ့သည်။ တွေးတောခြင်း ဖြစ်စဉ်တို့တွင် အခြေခံ ကျသည့် ကွဲပြား ခြားနားချက် မရှိ။ ဆင့်ကဲတိုးတက်လာသည့် ဖြစ်စဉ်အတွင်းတွင် ခွဲခန့်သတ်မှတ်ခြင်း၊ သုံးသပ်ခံယူခြင်း နှင့် ဝေဖန်သုံးသပ်ခြင်း ဟူသော အသိဥာဏ် အဆင့်ဆင့် အပိုင်းတို့ အဖြစ်သာ အမည်တပ်နိုင်မည် ။

ယနေ့ ခေတ်အခါတွင် ဖြစ်တည်မှု ဟူသော စကားလုံး၏ အနက်အဓိပ္ပာယ်မှန်ကို စနစ်တကျ ခွဲခြား တတ်ရန်လိုလာသည်။ အချို့ ဖြစ်တည်မှု များသည် အဓိပ္ပာယ် ရှိသော်လည်း အချို့ ဖြစ်တည်မှု များသည် အဓိပ္ပာယ် မရှိတော့။ ကျနော် တို့ သိသည်က မျက်မြင်ဒိဋ္ဌ အာရုံများဖြင့် ခွဲခြား သိရှိခြင်း ဖြစ်ရသကဲ့သို့ တစ်ဖက်တွင်လည်း ဆင်ခြင်ဥာဏ်ဖြင့် ပိုင်းခြား သိရှိရသည်။ Read more of this post