နှလုံးမှသာ ဖြတ်စီး၍

ခင်ဗျား က သိပ် ချိုချို သာသာ ပြောတတ် တယ် – စကား သိပ်တတ်တယ် ဆိုပါတော့ ။ ဒါပေမယ့် ခင်ဗျား ရင်ထဲမှာ အေးငြိမ်းမှု ၊ ငြိမ်ဝပ် နေမှု အတိ အကျ မရှိဘူး – ဒါဆိုရင် – အဲ့ဒီ ချိုသာ စကား တတ်မှု ဟာ အလကား ပဲ ဖြစ်ပါတယ် ။ စကားလုံး ဝေါဟာရ တွေဟာ အသက်ဝင် နေဖို့ ဆိုရင် – တိတ်ဆိတ် တဲ့ ခင်ဗျား အတွင်းသန္တာန် က ထွက်လာမှ ရတယ်။ တိတ်ဆိတ်တဲ့ နှလုံးက မထွက် လာနိုင်ရင် သူတို့ ဟာ အမြဲတမ်း အချည်းနှီး၊ အလဟဿ အနှစ်မဲ့ ဖြစ်နေမှာပဲ။

တစ်စုံတစ်ခုကို သိမြင်တဲ့ အခါ ၊ တစ်စုံတစ်ခုကို အရှင်းဆုံး ဗြုန်းခနဲ မြင်သိသွားတဲ့ ခင်ဗျား ကိုယ်ပိုင် အတွေ့အကြုံ တစ်ခုခု အပေါ် ကြည့်ကြည့် ပါ။ အဲ့ ခဏမှာ အဲ့ဒီ အတွေ့အကြုံကို ပြောပြဖို့ ခင်ဗျား မှာ စကားလုံး မရှိဘူး ဆိုတာ တွေ့ရပါလိမ့်မယ် ။ ဒါပေမယ့် အသိ သက်သက် မှာ ငြိမ်ဝပ် နေတဲ့ သန္တာန် ရှိတယ် ။ အဲ့ အတွေ့အကြုံကို ခင်ဗျား တစ်ဦးတည်း ကောင်းကောင်း သိတယ် ။ ပြောပြ နိုင် ဖို့ရာတော့ – ရင်တွင်း မှာ တိတ်ဆိတ် နေမယ်။ ဗလာသက်သက် သာ ခင်ဗျား သန္တာန်မှာ ဖြစ်တယ်။

အဲ့အချိန် မှာသာ ပြုမူ ပြောဆိုသမှု တစ်ခုခု ရှိ ခဲ့မယ် ဆိုရင် – အဲ့ဒီ ပြုမူ ပြောဆို သမျှ ဟာ ခင်ဗျားရဲ့ ပြည့်ဝမှု ၊ ခင်ဗျား ရဲ့ အတွေ့အကြုံ ကို ကောင်းကောင်း ထင်ဟပ် နေ ပါလိမ့် မယ်။ ဒါကို သိမြင်နေရတဲ့ ဒုတိယ လူကလည်း အကြောင်းရင်းကို ပြောမပြနိုင်သည့် တိုင် အနည်း အကျဉ်းတော့ သိရှိ တယ်။ ငြိမ်းအေး တဲ့ နှလုံးက ထွက်ရှိလာတဲ့ ခင်ဗျားရဲ့ စကားတွေ ဟာ သူတို့ အတွက် တိတ်ဆိတ် အေးငြိမ်း တဲ့ ရသ တွေ ကိုပဲ လိမ်းကျံ ထား လိမ့်မယ်။

ဒါ့ကြောင့် – ငြိမ်ဝပ် တဲ့ စိတ်နှလုံး နဲ့ အစဉ်တစိုက် ပြုမူပြောဆိုကြည့်ပါ လို့ ကျနော် တိုက်တွန်း လိုပါတယ် ။ ဒီအလုပ်မှာ သတိ တစ်ခုသာ ခင်ဗျား လိုအပ် တယ်။ ခင်ဗျား သန္တာန်ရဲ့ ခဏတိုင်း အပေါ် ငြိမ်ဝပ် တိတ်ဆိတ် နေပါလိမ့်မယ် ။ ဒါဆို ခင်ဗျားရဲ့ ပတ်ဝန်းကျင် မှာ ဂီတသံ တွေ မြိုင်နေမှာပဲ။ ခင်ဗျား ရဲ့ စကားတွေ ဟာလည်း စီကုံး သီဖွဲ့မယ်လို့ မရည်ရွယ် သည့်တိုင် ကဗျာ ၊လင်္ကာတွေ ဖြစ်နေမှာပဲ။

မိမိ စိတ်နှလုံး ကို တိတ်ဆိတ်အောင် မနေနိုင်ပါဘဲ – ခင်ဗျား စကားတစ်ခုခုကို မပြောမဖြစ် ပြောရပြီ ဆိုတဲ့ အခါ မိမိ စကားတွေကို မိမိ သတိပြုကြည့် ပါ။ အဲ့အချိန်မှာ ခင်ဗျား စကားတွေဟာ အဓိပ္ပာယ် ရှိမနေဘူး ရယ်။ အနှစ်သာရ မရှိ၊ “ရသ” ရှိမနေဘူးပဲ။

ယေရှု ခရစ်ဟာ ခင်ဗျား ပြောတတ်တဲ့ စကားမျိုးကို ပြောတယ် ။ နောက်ထပ် – ဗုဒ္ဓ ။ ဗုဒ္ဓ ဟောကြားတဲ့ စကားတွေဟာလည်း ခင်ဗျား ကြိမ်ဖန် များစွာ အသုံးပြုနေနိုင်တဲ့ ဝေါဟာရမျိုး၊ စကားမျိုးပဲ ။ ဟုတ်တယ် မဟုတ်လား။ ဒါပေမယ့် ဘာတွေ ကွာခြားခဲ့ပါသလဲ ။ သတိပြု မိပါသလား ။ Read more of this post

စာတစ်တန် ခံနေဆဲ

နိမိတ်ပုံစံ ထားရှိ တဲ့ ဇာတ်လမ်း လေးတစ်ပုဒ် ပြောကြည့် ပါမယ်။ ဆွာမိ ရာမ်တိယာ့ဿ် ပြောခဲ့တဲ့ ဇာတ်လမ်းတိုလေး ဖြစ်ပါတယ်။ ဇာတ်လမ်း ဆိုတာထက် အနက်ပုံဆောင် ဇာတ်သွားလေး သက်သက်လို့ ပြောနိုင်တယ်။။

သိပ်ချစ်ကြတဲ့ ချစ်သူ နှစ်ဦး ရှိတယ်။ တစ်နေ့တော့ – ယောက်ျားလေး ဖြစ်သူ ဟာ ချစ်သူ မိန်းကလေးကို ထားရစ်ပြီး တပြည် အဝေးကို ထွက်သွား တယ်။ ထွက်သွားပြီး ကတည်းက တစ်ခေါက်မှ ပြန်မလာ တော့ဘူး လို့ ဆိုပါတယ် ။ သူ့ရဲ့ ချစ်သူ မိန်းကလေး ဟာ ကောင်လေး ထွက်သွား တဲ့ လမ်း ကို နေ့တိုင်း မျှော်ကြည့်တယ်။ တစ်နေ့လာနိုး၊ တစ်နေ့ လာနိုး မျှော်လင့် နေခဲ့၊ စောင့်စား နေ ခဲ့တယ်။ တစ်ရက် ပြီး တစ်ရက် စောင့်ဆိုင်းရင်း မောဟိုက် လာတဲ့- တစ်နေ့ တော့ ကောင်လေး ဆီက စာတစ်စောင် ရောက်လာပါတယ်။ စာထဲမှာ သူ ဘယ်နေ့ ပြန်လာပါမယ် ဆိုတဲ့ အကြောင်း၊ ဘယ်လောက်ထိ လွမ်းဆွေး နေမိပါတယ် ဆိုတဲ့ အကြောင်း – ချစ်ကြောင်းတွေ ဖွဲ့သီ ထားတယ်။

ကောင်မလေး က ဝမ်းပန်းတသာ နဲ့ အဲ့ဒီ နေ့ရက်ကို ထပ်စောင့်တယ်။ ချစ်သူ ချိန်းဆိုတဲ့ ရက်မှာ ပြန်ရောက်လာပါစေ အကြိမ်ကြိမ် ဆုတောင်း ရင်း ဖြီးလိမ်းပြင်ဆင် ထားတယ်။ ဒါပေမယ့် တကယ်တမ်း ကောင်လေးက ပြန်မလာနိုင် ခဲ့ဘူးရယ်။ နောက်ထပ် ရက်တွေ သာ ကြာသွား တယ်။ ကောင်မလေး က မျှော်နေရဆဲပဲ။ နောက်ထပ် စာတစ်စောင် ရောက်လာပြန်တယ်။ ပထမ စာအတိုင်းပဲ ဘယ်နေ့ ဘယ်ရက် ပြန်လာပါမယ် ဆိုတဲ့ အကြောင်း ပါတယ်။ တစ်စောင် ရောက်တိုင်း တစ်ခါ မျှော်နေရင်းနဲ့ – ချစ်သူရဲ့ စာတွေ တစ်စောင်ပြီး တစ်စောင်သာ ဖတ်ရင်း၊ စောင့်ရင်း နေ့ရက်တွေ ကုန်လွန်သွားခဲ့တယ်။ ဒါပေတဲ့ ကောင်လေးကိုတော့ အရိပ်အရောင် တောင် မတွေ့ရဘူးလို့ ဆိုပါတယ်။

ဆက်ပြီး သည်းမခံနိုင် မစောင့်နိုင် တော့တဲ့ တစ်နေ့ – ကောင်မလေး က ချစ်သူ ရှိရာ အဝေးမြို့ ဆီကို ခရီး ထွက်လာခဲ့တော့တယ်။ လမ်းခရီး မှာ ဟိုမေး သည်စမ်း နဲ့ လာခဲ့တာ – ချစ်သူ နေထိုင်ရာ မြို့ကို ရောက်တယ်။ ချစ်သူရှိရာ ရပ်ကွက် လမ်း ကို ရောက် တယ်။ နောက်ဆုံး ချစ်သူ ရဲ့ အိမ် တံခါးဝ ကို ရောက်သွား တယ်။ ချစ်သူရဲ့ အိမ်တံခါး ဟာ ဟင်းလင်း ဖွင့်ထားရက်သားလေး ပဲ ။ အချိန်က လည်း ညနေစောင်း ပြီ။ နေညိုပြီ ဆိုပါတော့။

ကောင်မလေး ဟာ တံခါးဝမှာ ရပ်ရင်း အိမ်တွင်း ထဲကို လှမ်းကြည့်တယ်။ နှစ်ပေါင်း လပေါင်း များစွာ မတွေ့ခဲ့ရတဲ့ သူ့ ချစ်သူ ကောင်လေး ဟာ အိမ်ထဲမှာ ရှိနေတယ်။ အိမ်အတွင်းခန်း၊ သူ့ရဲ့ ရှေ့တည့်တည့် မှာ ထိုင်နေလျက် ရှိနေတယ်။ ဒါပေမယ့် ကောင်လေးက သူ့ကို မမြင်ဘူး။ စာတစ်စောင်ကို အားကျိုးမာန်တက် ရေးနေတယ်။ အဲ့ဒီ စာထဲမှာ သူက အာရုံ အပြည့် နှစ်ထား တဲ့ ပုံ ရှိတယ်။ သူ အာရုံနှစ်၊ ဈာန်ဝင်နေတဲ့ စာဟာ ချစ်သူ ဒီ ကောင်မလေးဆီ ကို ပေးပို့ဖို့ စာဖြစ်ပါတယ်။ သူဟာ စူးစိုက်မှု အပြည့်နဲ့ ရေးနေတယ် လို့ ကောင်မလေး က သိလိုက်တယ်။ ဒါ့ကြောင့် အနှစ်နှစ်အလလ ကွဲကွာ နေခဲ့တဲ့ အတူတူ တော့- ဒီတခဏလေးကို စောင့်ဆိုင်းနေလိုက်တော့မယ် လို့ ကောင်မလေးက တွေးတယ်။ ချစ်သူကို လှမ်းမခေါ်ရက်၊ မနှောင့်ယှက် ရက်ဘူးရယ်။ အသံမပေး၊ စကား မဆိုဘဲ – အသာလေး ကြည့်နေလိုက်တယ်။

ကောင်လေးကတော့ စာအပေါ်မှာ ခံစားချက် အပြည့် နဲ့ပေါ့။ သူ့မျက်ဝန်းအိမ် က မျက်ရည်တွေတောင် အတွေသား တလှိမ့်လှိမ့် ကျလာ နေသေးတယ်။ သူ့အတွေးစဉ် ထဲမှာ ချစ်သူအပေါ် လွမ်းဆွတ်မှု ဒဏ်ကို အပြည့်အဝ ခံစားနေရတယ်။ သိပ်ချစ်ကြတဲ့ သူတို့ နှစ်ဦး – ဝေးကွာနေတာ ဘယ်လောက်ကြာပြီလဲ။ အချိန်တွေတင် မက၊ နေရာ ဒေသတွေကပါ ဝေးကွာနေခဲ့တယ် မဟုတ်လား။ အဲ့ဒီ အပေါ် လွမ်းဆွတ်တဲ့ စိတ်ဟာ ကောင်လေးရဲ့ ရင်ထဲမှာ ဒဏ်ရာ တစ်ခုလို ကိုက်ခဲနေတယ်။ ချစ်သူအပေါ် လွမ်းဆွတ်စိတ်က လာတဲ့ ဒဏ်ကြောင့် ကောင်လေး မျက်နှာသွင်ပြင် ဟာ ညှိုးငယ် နေတယ်။ ပိုးပိုးပေါက်ပေါက် ကျနေတဲ့ မျက်ရည်တွေ ကြားထဲက – စာတွေ တစ်လုံးပြီး တစ်လုံး စီကာပတ်ကုံး ရေးတယ်။ ဆက်ကာ ဆက်ကာ ရေးရင်း – အချိန်ဟာ တစ်နာရီ မက- နှစ်နာရီ ကျော် သုံးနာရီ – ကြာလင့် သွား ခဲ့တော့တယ်။ ကောင်မလေးကတော့ သူ့ရှေ့မှာ စုံရပ်ရင်း – ချစ်သူကို ငေးမော – စောင့်ဆိုင်းနေလျက်ပဲ။

Read more of this post

ကြားကား ကြား၏ ~ မသိ

မိတ်ဆွေတို့ တိတ်ဆိတ်ငြိမ်သက်ပြီး နေကြည့်ဖူး ပါသလား ။ အဲ့ဒီအချိန်မှာ ဘယ်အရာပေါ်ကိုမှ အာရုံစိုက်မနေဘဲ၊ ဘယ်အရာကိုမှ စူးစိုက်မနေဘဲ၊ တိတ်ဆိတ်မှု သက်သက် နဲ့ ငြိမ်သက် တိတ်ဆိတ် နေဖူး သလား။ စင်စစ် အဲ့ဒီ အချိန်မှာ ခင်ဗျား ပတ်ပတ်လည်က အသံအားလုံးကို ကြားနေရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဟိုးအဝေးက အသံ၊ အနီးအပါးလေးက အသံ၊ နောက်ဆုံး – ခင်ဗျား ကိုယ်တွင်းက အသံ – ဒီ အသံတွေ အားလုံးကို တစ်ရံမလပ် ကြားနေရမယ်။

အဲ့ဒီ အချိန်မှာ ကျနော်တို့ စိတ်ကို တစ်နေရာ၊ တစ်စုံတစ်ခု ထဲ စူးဝင်နေတယ်၊ စူးစိုက်နေတယ်လို့ ပြောဖို့ ခက်ပါတယ်။ ခင်ဗျား သက်တောင့် သက်သာ ရှိနေတယ်။ ထူးခြား ဆန်းကြယ်တဲ့ ပြောင်းလဲမှု တစ်ခု ခင်ဗျား အတွင်းသန္တာန်မှာ အဆက်မပြတ် ဖြစ်ပေါ်နေမယ်။ ပတ်ဝန်းကျင် ဘာဖြစ်နေနေ၊ ကိုယ်တိုင်ကလည်း အနှောင့်အယှက် ကင်းကင်း တည်ရှိ နေနိုင်တယ်။ အဲ့ဒီ အချိန် အတွက် ခင်ဗျား မှာ မေးခွန်းတွေ မရှိဘူး။ တစ်ခုခုကို စူးစမ်း မေးမြန်း မနေဘူး။ ဖြစ်တည်သမျှ အပြည့်အဝ လှပနေတယ်။ နက်ရှိုင်းတဲ့ အသိတစ်ခု အတွင်းမှာ ခင်ဗျား စိတ်လိုလက်ရ နစ်မြုပ်ဝင် သွားတယ်။ ဒါဟာ အပြည့်အဝ နားထောင်တတ်တဲ့ အခါမှာ ရရှိတဲ့ အနှစ်သာရ ဖြစ်ပါတယ်။

ဒါပေတဲ့ မေးကြည့် ချင်ပါတယ်။ အခု – ကျနော်တို့ နားထောင်တယ် လို့ ဆိုတဲ့ အခါ – ဘယ်လို နားထောင်ပါသလဲ ။ တစ်ခုခုကို ကြိုတင်တွေးတော ပြီး နားထောင် သလား။ စိတ် အတွေး ထဲက သိရှိပြီး တစ်ခုခုနဲ့ ယှဉ်ထိုး ဆုံးဖြတ်ရင်း နားထောင်သလား။ ကိုယ် လိုလားရာ တစ်စုံတစ်ခု ကို ပုံဖော်ပြီး နားထောင်သလား။ ဒါမှ မဟုတ် ကြောက်ရွံ့မှု နဲ့ နားထောင် သလား။ တစ်ချို့တွေက – ကိုယ်ကြားချင်တဲ့ စကားကို မြောင်းပေးပြီး နားထောင်လေ့ ရှိတယ်။ စိတ် ကျေနပ်မှု တစ်ခုကို မျှော်လင့် ပြီး နားထောင် တာလဲ ရှိတယ်။ တစ်စုံတစ်ခု ကျေးဇူးပြုဖို့၊ သက်တောင့်သက်သာ ဖြေလျော့ နိုင်ဖို့၊ စသဖြင့် ရည်ရွယ်ချက် တစ်ခုခုနဲ့ နားစိုက် ထောင်တာလည်း ရှိတယ်။ အတိုချုံးပြီး ပြောရင် – “တစ်စုံတစ်ခု” ဆိုတဲ့ လိုအင်ဆန္ဒ နဲ့ ကိန်းဝပ်ပြီး နားထောင်နေလေ့ ရှိပါတယ်။

စင်စစ် ကျနော် တို့ အတွင်းသန္တာန်မှာ ကိန်းနေတဲ့ အဲ့သလို -“လိုဘဆန္ဒ” အခံနဲ့သာ – နားထောင်နေမယ် ဆိုရင် – ကျနော်တို့ ကြားနေရတဲ့ အသံဟာ တစ်ဖက်သူ ရဲ့ အသံ မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်ပိုင် အသံတွေပဲ ဖြစ်ပါတယ်။ သူ့ကို နားထောင်ပေးတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ် နားထောင် နေတယ်။ သူ့ကို မကြား ဘူး – ကိုယ့်ဟာ ကိုယ်ပဲ ကြားနေရတယ်။

Read more of this post

Just Definitions!

Meditation is not Escapist.

အနာဂတ်ကို မျှော်တွေးပြီး မျှော်လင့်ချက် အိပ်မက်တွေနဲ့ နေထိုင်သူဟာ လက်ရှိဘဝကို လျစ်လျူရှု နေထိုင်မိသူ ဖြစ်ပါတယ်။ တစ်နည်းပြောရင် – သူ့ရဲ့ အသက်ရှင် နေသမျှဟာ တကယ် အသက်ရှင် နေတာ မဟုတ်ဘူး ။ အသက်ရှင်နေတယ် လို့ ဟန်ဆောင်နေတာမျိုး သက်သက်ပဲ ဖြစ်ပါတယ် ။ သူ ဆက်လက် ရှင်သန် နေနိုင်ဖို့ မျှော်လင့်တယ်။ ဆက်လက် ရှင်သန် ရပ်တည် နေနိုင်ဖို့ ဆန္ဒ ရှိတယ်။ သူ ဘယ်တော့မှ မသေသွားဖို့ ၊ ဆက်လက် တိုးတက် ရှင်သန်နေ ဖို့ လိုလား နေတယ်။ ဒီလိုနဲ့ လက်ရှိ ပစ္စုပ္ပန် တည့်တည့်မှာ ရှင်သန်နေဆဲ ခဏ ကို မေ့လျော့ထားရစ် ခဲ့တယ်။ ဒါဟာ အခု သူ သေနေတာနဲ့ အတူတူပဲ မဟုတ်လား။

စင်စစ် မနက်ဖြန် ဆိုတာ ဘယ်တုန်းက ရောက်လာခဲ့ပါ သလဲ ။ အားလုံး ရရှိနေကြတဲ့ အချိန်ဟာ ယနေ့ ယခု၊ ဒီကနေ့၊ ဒီနေရာတွေချည်း ဖြစ်ပါတယ်။ ဘယ်သူ ဘယ်ပုံမျိုးနဲ့ ဘာဖြစ် လာလာ – အခု ခဏ ( Now and Here ) ကိုသာ ပိုင်ဆိုင် နေတယ်။ ဒါကို သာမန် အချိန်မှာ သတိမရှိဘဲ မေ့လျော့နေရင် သူ့ကို သေဆုံး နေတယ် လို့ ဆိုရ ပါလိမ့်မယ်။

ဘဝ ရှင်သန် နေမှုက ထွက်ပြေးနေတဲ့ တစ်ကြောင်း တည်းသော လမ်းဟာ – လိုအင်ဆန္ဒ တွေ ဖြစ်ပါတယ်။ ဗုဒ္ဓက ဒါကို “တဏှာ” ( Tanha ) လို့ သမုတ် တယ်။ လိုရင်းက လက်ရှိ ပစ္စုပ္ပန် တည့်တည့်က ရှောင်ခွာပြေးမှု။ အစစ်အမှန် ရရှိနေတဲ့ မိမိ အဖြစ်ကနေ – အတုအယောင်ထဲ ပြေးဝင် ခိုလှုံမှု ပါ။

ဒါ့ကြောင့် – အလိုဆန္ဒ တွေနဲ့ ရှိနေသူဟာ ထွက်ပြေးနေသူ ၊ ရှောင်ပြေးနေသူပဲ။ ဒါပေတဲ့ – အံ့အား သင့်စရာ တစ်ခုရှိတယ်။ ပစ္စုပ္ပန်တည့်တည့် နေထိုင်ဖို့ ကြိုးစားသူ – ဘာဝနာ ပွားသူ ကို ရှောင်ပြေးနေသူလို့ အများက ခေါ်ဆိုတတ်ကြတယ်။ အဲ့ဒါဟာ အဓိပ္ပာယ် မဲ့လွန်းရာ မကျဘူးလား။ တကယ် က ဘာဝနာနဲ့ နေထိုင်သူ တစ်ဦး တည်းသာ ဘဝက ရှောင်မပြေးဘဲ လက်တွေ့ကျကျ နေထိုင်နေသူ ဖြစ်ပါတယ်။ အခြား လူတိုင်း ထွက်ပြေးနေကြတယ်။

ဘာဝနာ ရဲ့ အဓိပ္ပာယ် ကိုယ်နှိုက်က – လက်ရှိ ပစ္စုပ္ပန် တည့်တည့် အပေါ် သိရှိ လက်ခံနေခြင်း ပါ။ ကမ္ဘာပေါ်မှာ ဘဝ စင်စစ်ကနေ ရှောင်မပြေးစေတဲ့ တစ်ခု တည်းသော နည်းလမ်း ဟာ ဘာဝနာ ပဲ ဖြစ်ပါတယ်။ ဒါကိုပဲ – ဘာဝနာဟာ စင်စစ် ဘဝက ရှောင်ပြေးတဲ့ ဖြစ်စဉ် ပဲလို့ လူအများ ခေါ်ဆိုတတ်ကြတယ်။ အဲ့လို ဘာဝနာ ကို ရှုံ့ချသူ တွေက -သူတို့ စကားရဲ့ အဓိပ္ပာယ်ကိုရော သူတို့ ကိုယ်တိုင် သိနားလည် ကြရဲ့လား။ အကြောင်းက – သူတို့ စကားဟာ အဓိပ္ပာယ် မဲ့လွန်း နေလို့၊ အဓိပ္ပာယ် ပြောင်းပြန် ဖြစ်နေလို့ပါ ။

ဘာဝနာအမှု ဟာ ဘဝကို ရှောင်းပြေး နေတာ မဟုတ်ဘူး။ ဘဝရဲ့ လက်ရှိ တည့်တည့် အပေါ် ခိုဝင် လက်ခံလိုက်ခြင်း သက်သက် ပါ။ တကယ်တမ်း ဘဝကို ရှောင်ပြေး နေတာတွေ က ခင်ဗျားရဲ့ စိတ်ကူး၊ အတွေး၊ စွဲလမ်းသမျှ မျှော်လင့်ချက်၊ အနာဂတ် အိပ်မက် – စတာ တွေချည်း သက်သက်ပဲ။ ဆိုလိုတာက လိုအင်ဆန္ဒ တွေ သာလျင် ဘဝက ရှောင်ပြေး နေတာ ဖြစ်ပါတယ်။ Read more of this post

စကားလုံး တို့ အလွန်၌ –

ဘာဝနာ အမှု ပြုလာတဲ့ အခါ –

စကားလုံး၊ ဝေါဟာရ နဲ့ အတွေးစဉ် စိတ်ကူး ပုံရိပ် တွေဟာ အတားအဆီး ဖြစ်ပါတယ်။ အကြောင်းက – ကျနော်တို့ဟာ ကိစ္စရပ်တိုင်း ၊ အကြောင်းအရာ တိုင်းကို စကားလုံးတွေနဲ့ ဖလှယ်သုံးစွဲ ကြလို့ပဲ ။ ဆိုလိုတာက – တကယ့် ဖြစ်တည်မှု သက်သက်ကို စကားလုံး တွေ အဖြစ် ပုံပြောင်း ယူကြတယ်။ အဲ့လိုနဲ့ ကျနော်တို့ သန္တာန်မှာ စကားလုံးနဲ့ တကယ့် ဖြစ်တည်မှု တစ်ထပ်တည်း လို ထင်မြင် လာတယ်။

အဲ့ဒါဟာ ဘာဝနာ ထုံမွှမ်းလာမှု အတွက် အတားအဆီး တစ်ရပ်ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဘာဝနာ အပြည့်အဝ ရရှိနိုင်ဖို့ ပထမဦးဆုံး လိုအပ်ချက်ဟာ အဲ့ အတား အဆီးကို ဖယ်ရှားနိုင်မှု အပေါ် မူတည်တယ်။ ခင်ဗျား သန္တာန်မှာ စကားလုံး နဲ့ ဖွဲ့စည်း စိတ်ကူးတတ်သမျှ သတိရှိ နေရလိမ့်မယ်။

ကျနော်တို့ ခင်ဗျား တို့ စိတ်ဟာ တစ်ခုမဟုတ်ရင် တစ်ခုကို အမြဲ တွေးနေတယ်။ အတွေးရှိရင် စကားလုံးရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ စိတ်ဟာ အမြဲတမ်း စကားပြော နေတတ်တယ် လို့ ပြောလို့ ရတယ်။ Chattering Mind အမြဲတမ်း ပလုံစီ အတွေးတွေ ဗရပွနဲ့ သန္တာန် ဖြစ်စဉ် သက်သက်။

တကယ့် လက်တွေ့ ကျနော်တို့ ဖြစ်တည်ချက် သက်သက် မှာတော့ အဲ့လို မဟုတ်ဘူးရယ်။ အရာဝတ္ထု တစ်ခုကို မြင်တယ် ဆိုရင် မြင်ရုံမျှ သိမှု သက်သက်ပဲ။ အဲ့ဒီ မှာ စကားလုံး တွေ မပါဘူး။ ခင်ဗျားက ဘာဝနာ ပြုသူ ဆိုပါစို့ ။ ဒါဆို ခင်ဗျား ဟာ အဲ့ဒီ မြင်ရုံမျှ ကို စကားလုံး တွေနဲ့ ပုံပြောင်းမိတဲ့ အခါ အဲ့ဒီ ပြောင်းမိတဲ့ ဖြစ်စဉ် အပေါ် သတိ ရှိဖို့ လိုပါတယ်။

အရာရာဟာ ဖြစ်တည် ရုံမျှ ဖြစ်တည်နေတယ် ။ တကယ်တမ်း ဘာသာစကား ဆိုတာ ရှိမနေဘူး လို့ ကျနော် အတိအကျ ဆိုချင်ပါတယ်။ ဖြစ်တည်ချက် သက်သက် အတွက် ဘာသာစကား က လိုအပ်မနေဘူး။ ခင်ဗျား အသက်ရှင်တယ် – ကျနော် အသက်ရှင်တယ်။ ဒီကြားမှာ ဝေါဟာရ မလိုအပ်ဘူး။ ( မလိုအပ်ဘူး ဆိုတာထက် – “ရှိကို ရှိမနေဘူး” ) ဆိုလိုတာက ဖြစ်စဉ် တစ်ခု ဟာ စကားလုံး မပါဘဲလည်း ဖြစ်တည် နေကြပါတယ်။ဥပမာ- နှင်းဆီပန်း တစ်ပွင့် ဟာ ရှူရှိုက်သူ ၊ တန်ဖိုးထားသူ မရှိလည်း ပွင့်တယ်။ နှင်းဆီလို့ အမည် မတပ်လည်း သူ့ဖြစ်တည်ချက်နဲ့ သူ ပွင့်နေမှာပဲ။ စီးဆင်း သွားနေတဲ့ စမ်းရေ အလျဉ် အတွက် သူ ဆက်လက် စီးဆင်းဖို့ ဝေါဟာရ အတွေးပုံရိပ် မလိုအပ်ဘူး။ သူ့ ဖြစ်တည်ချက်ဟာ သဘာဝ အတိုင်း တည်ရှိတယ်။

ဘာဝနာ ရှိနေတဲ့ အခိုက် ဟာ အဲ့ဒီလို ဖြစ်တည်ချက် က ဖြစ်တည်ချက် သက်သက်မှာပဲ ရှိနေတဲ့ အခိုက်အတန့် ကလေး ဖြစ်ပါတယ်။

ဒါဟာ မဖြစ်နိုင်ဘူး လို့ ခင်ဗျား ပြောမလား။ တကယ်တမ်းက သဘာဝ ကျကျ ကိစ္စတစ်ရပ် ပဲ မဟုတ်လား ။ အဲ့လို သဘာဝ သက်သက် ဖြစ်ကြောင်း ကို ကျနော် တို့ သတိ မထား မိခဲ့ကြပါဘူး။ ကျနော် တို့ အတွေ့အကြုံ နဲ့ စကားလုံး အကြား ပုံဖော် ပြောင်းလဲတဲ့ ဖြစ်စဉ် ရှိနေတယ်။ ဒါကို ကျနော် တို့ မမြင်ခဲ့ကြဘူး။ မနက် အရုဏ်တက် နေထွက် လာချိန်မှာ ကောင်းကင် ကို မော့ကြည့်ပြီး ကြည်နူး နိုင်တယ်။ ကဗျာ စပ်ဆိုဖို့ ပြင်ဆင်နိုင်တယ်။ ကြည်နူးမှု မှာတင် မသိရှိထားဘူး။ မရပ်သွားဘူး – စကားလုံး အဖြစ် ဖွဲ့သီ စိတ်ကူးတယ်။

တစ်ခါ – တစ်စုံတစ်ယောက် ကို ချစ်မိရင် ချစ်ကြောင်း ဖွဲ့သီ စိတ်ကူး ယဉ် ကြပြန် တယ်။ ဖြစ်ရပ်တစ်ခု ကြုံဆုံရင် ကြုံဆုံတဲ့ အတိုင်း သိမြင်မှု ကနေ – ဆက်လက် စိတ်ကူး ဖန်တီးတယ်။ စကားလုံး ဖွဲ့စပ် ရှင်းပြဖို့ ကြိုးစားတယ်။ အခြား အခြား စိတ်ကူးတွေနဲ့ ပေါင်းစပ် ဖွဲ့စည်း စဉ်းစား တယ်။ အဲ့ဒီလို ဖြစ်တည်ချက် နဲ့ စကားလုံး အကြား ကွာဟချက် ရှိကြောင်း ကျနော် တို့ သတိ မမူတဲ့ အခါ ဖြစ်တည်ချက်နဲ့ စကားလုံး အကြား ကွာဟချက် မရှိဘူးလို့ အထင်ရောက်သွား စေပါတယ်။

တကယ် စင်စစ် – ချစ်ခြင်း သက်သက်ဟာ စကားလုံး မဟုတ်ဘူး။ နေရောင် ဖြာကျ နေတာကလည်း စကားလုံး မဟုတ်ဘူး။ အတွေးမဟုတ်ဘူး။ သူ့ဖြစ်တည်ချက် နဲ့ သူတည်ရှိတယ်။ ဒါတင်မက- အဲ့ဒီ သိရှိတဲ့ အခိုက်အတန့် လေး သက်သက်မှာသာ တည်ရှိတယ်။ နို့ ပေမယ့် ကျနော်တို့ စိတ်သန္တာန်က အဲ့အတိုင်း မနေဘူး။ စကား ရှာကြံတယ်၊ ပုံရိပ်တွဲစပ် ပြောင်းယူ တယ်။ ဒီလိုနဲ့ ဘာသာ စကား ဝေါဟာရတွေ ဟာ ခင်ဗျား အတွေ့အကြုံ ၊ ဖြစ်တည်ချက် သက်သက် နဲ့ ခင်ဗျား ကြားကို ဝင်ရောက် နေရာယူလာပါတယ်။

Read more of this post

မှတ်စု မူကြမ်း

အထီးတည်း ဖြစ်တဲ့ အခြေအနေ ( Aloneness ) နဲ့ အထီးကျန် ဖြစ်တဲ့ အခြေအနေ ( Loneliness ) က မတူပါဘူး။ သဘာထားချင်း အများကြီး ကွာဟချက် ရှိပါတယ်။

၁။ အထီးတည်း ဖြစ်တယ် ဆိုတာ သူ့ တစ်ခုတည်း အတွင်းမှာတင် ပြည့်စုံတယ်။ ပြည့်ဝ နေတယ်။ အထီးကျန်တယ် ဆိုတာ က အခြားသူ တစ်ဦး တစ်ယောက် တစ်စုံတစ်ခု အပေါ် တွယ်ငြိ နေတယ်။ သူ့ တစ်ယောက်တည်း မှာ လိုအပ်နေတယ်။ သူလိုလားတဲ့ အရာ သူ့အနားမှာ ရှိနေစေချင်တယ်။ သူတစ်ခုခု ဖြစ်ချင်နေတယ်။ အထီးတည်း ဖြစ်တာနဲ့ ဆန့်ကျင်ဘက် တစ်ခုလို ကွာခြားပါတယ်။ အထီးတည်း ဖြစ်တယ် ဆိုတာကတော့ မိမိကိုယ် မိမိ ရဲ့ အတွင်းသန္တာန် နဲ့တင် သက်ဆိုင်ပါတယ်။

၂။ ခင်ဗျား ပတ်ဝန်းကျင်မှာ ဘာဖြစ်ဖြစ်၊ ခင်ဗျားဘေးမှာ ခင်ဗျားအတွက် ဘယ်သူ တစ်ဦး တစ်ယောက်မှ ရှိရှိ၊ မရှိရှိ၊ တစ်ကမ္ဘာလုံးကပဲ ဝိုင်းမုန်း နေစေ ဦးတော့ — ခင်ဗျားဘာသာ ခင်ဗျား- ကိုယ့် သန္တာန်မှာ အေးချမ်းမှု ရှိနေရင် အဲ့ဒါ အထီးတည်း ဖြစ်နေတယ်လို့ ကျနော် ဆိုလိုပါတယ်။ ဘယ်သူ့ကိုမှ မျှော်လင့်တမ်းတ နေစရာ မလိုတဲ့ အပြင်၊ ဘယ်အရာပေါ်မှာမှ တွယ်ညိမနေတဲ့ အဖြစ်ပါ။ တစ်နည်း ဆိုရရင်- ခင်ဗျားရဲ့ သန္တာန် ထဲမှာ ဘယ်အထောက်အကူ မှ မလိုအပ်ဘဲ ခင်ဗျား ဘာသာ ချမ်းမြေ့နေတယ်။ အဲ့ဒီလို ချမ်းမြေ့နေနိုင်တဲ့သူ ကမ္ဘာမှာ ရှား လိမ့်မယ်။ အထီးတည်း ဖြစ်မယ့်သူ ကို ရှာတွေ့ဖို့ ခဲယဉ်းတယ်။ ခြွေရံသင်းပင်း များသည် ဖြစ်စေ၊ နည်းသည် ဖြစ်စေ သူ့အတွက် ဘာမှ မထိခိုက်ဘူးရယ်။

Read more of this post

ခဝါသည်

တစ်ရက်က – ရှေ့ပို့စ် စာအချို့ကို ကြည့်ပြီး မိတ်ဆွေ တစ်ယောက်က အောက်ပါအတိုင်း မေးပါတယ်။ ကျနော် အတတ်နိုင်ဆုံး ကြိုးစား ဖြေကြည့် ပါမယ်။

အမေး

“အခု” အချိန်မှာ “အခု” ဖြစ်ရှိတဲ့ အတိုင်း ရှင်သန် နေထိုင်ခြင်း ကို ဘာဝနာလို့ – ဆိုလို ပါတယ်။ “ဘာ လုပ်သင့်ပါတယ်” “ဘယ်လို လေးတော့ ဖြစ်သင့်ပါတယ်” စသဖြင့် အဲ့တာ တွေ မပါဝင်ဘူး။

အဲ့ဒီ စာကို – စာတစ်ပုဒ် မှာ ရေးထားတာ တွေ့ပါတယ်။ အဲသလို နေတာက နေချင် သလို နေလိုက်တာမျိုး ကို ဆိုလိုတာလား။ ဘယ်လို ကိစ္စ ကို မဆို စဉ်းစား ဆင်ခြင် ပြီးမှ မလုပ်ရ ဘူးလား။ အကောင်း အဆိုး၊ အကြောင်း အကျိုး ကို မတွေးပဲ၊ တခြား တစ်ဖက်သား ကို ထည့် မစဉ်းစားပဲ ကိုယ့် စိတ် အတိုင်း လွင့်မျော ပေးလိုက်ခြင်း ကို ဆိုလိုတာလား။

ကျနော် ကောင်းကောင်း မလုပ်တတ် သေးပါဘူး။ လုပ်ဖို့ ကြိုးစား ကြည့်တိုင်း- ခေါင်းကပဲ မူးလာသလို၊ ရုတ်တရက် ပစ်လဲ လိုက်တော့ မလို ။ ပြီးတော့ ကြောက်လာတယ်..၊ ဘာကို ကြောက်လာမှန်းမသိ။ ပြီးတော့ မပြီးသေးပါလားလို့ စိတ်က ကြောင့်ကြလာတယ်။ အဲဒါ တရားစခန်း မှာ ဖြစ်ခဲ့ရတဲ့ အဖြစ်ပဲ။ ပြီးတော့ ထွက်ပြေးချင်လာတယ်။ အရာရာက ထိန်းချုပ်ထား သလိုပဲ။ နေရတာ မပျော် တော့ဘူး…။

အဖြေ

ဒီ အမေးစကား ကို ရှင်းမယ် ဆိုရင် – “ဘာဝနာ” ဆိုတဲ့ အပေါ် နားလည်အောင် ကြည့်ပေးဖို့ တစ်ခုသာ ကျနော် တိုက်တွန်းချင်ပါတယ်။ ဒါ့ကြောင့် ဒီ အဖြေ တစ်ခု လုံးမှာ ကျနော် ဘာဝနာ အကြောင်းကိုပဲ ပြောပါမယ်။

ဘာဝနာ ဆိုတာ – အလွယ်ပြောရင် – ခင်ဗျားရဲ့ အတွေးစဉ်တွေ၊ ခံစားချက်တွေကို သတ်ပစ်တတ်တဲ့ သတ္တိ ရှိပါတယ် ။ ခင်ဗျား ရဲ့ အတိတ်ကို ပြန်လည် အောက်မေ့ နေတတ် သမျှ၊ ခင်ဗျားရဲ့ အနာဂတ်ကို မျှော်လင့် နေတတ် သမျှ အားလုံး ကို ရပ်ဆိုင်းသွား စေတတ်တယ် ။ ဆိုလိုတာက ဘာဝနာ- ဟာ အဲ့ဒီ အတိတ်နဲ့ အနာဂတ်နှစ်ခုအကြား – ခင်ဗျား အခု ရရှိပိုင်ဆိုင် နေတဲ့ “အခု၊အချိန်၊ – အခု အဖြစ်” ကိုသာ သိရှိ ဖြစ်တည်ခွင့် ပေးပါ တယ်။ ဒါဟာ ဘာဝနာရဲ့ ဂုဏ်သတ္တိတွေပါပဲ ။

Read more of this post

မပြောပြ/ ပြောမပြ/ ပြောပြမရသော

သစ္စာတရား၊ အမှန်တရား ဟာ ပြောပြလို့ မရဘူးလို့ အဆိုရှိတယ်။ ဘာလို့လဲ။ ဘာကြောင့် ဒီလို ပြောပြ မရအောင် ခက်ခဲရတာလဲ။ သစ္စာတရား ကို ဒီလို ပြောပြလို့ မရရတဲ့ အကြောင်းရင်းတွေက အမြောက်အမြား ရှိပါတယ်။ အခြေခံ အကျဆုံး၊ ပထမဆုံး အကြောင်းကို စပြောပါမယ်။

အဲ့ဒီ ပထမ အကြောင်းက – သစ္စာ၊ အမှန် ကို ဆိတ်ငြိမ်မှု (Silence) ကနေသာ သိမြင်နိုင်လို့ ဖြစ်ပါတယ်။ ခင်ဗျား က အသံထွက် စကားပြောနေရုံတင် မဟုတ်ဘူး။ Inner talk လို့ ခေါ်တဲ့ စိတ်အတွင်း မှာလည်း စကားတွေ ပြောနေမယ်။ စိတ်ကူးတွေ ပုံဖော်နေမယ်။ ရည်ရွယ် ကြံဆနေမယ်။ အကြောင်းအကျိုး ဆင်ခြေတွေနဲ့ ယုတ္တိ ခိုင်မာအောင် တည်ဆောက် နေမယ်။ ခင်ဗျား အပြင်ကို စကားသာ ထုတ်မပြောရင် ရှိမယ် – စိတ်အတွင်း ထဲမှာ အတွေးတွေ ဗြောင်းသတ် နေမယ်။ အဲ့ဒီ Inner talk ပါ ရှိနေသရွေ့ သစ္စာဆိုတာကို သိမြင်နိုင်ဖို့ မရှိပါဘူး။ အဲ့ဒီ Inner talk ဆိုတာ ကိုပါ ရပ်ပစ် ရပါလိမ့်မယ်။ အဲ့တော့ – ဒီလို ဆိတ်ငြိမ်မှု နဲ့ မှ မြင်နိုင်မယ့် အရာ ကို ခင်ဗျား ဘယ်စကားလုံးတွေ သုံးပြီး ဖော်ပြမလဲ။

အဲ့ဒီအရာ ဟာ အတွေး မဟုတ်ဘူး။ ကိုယ်တွေ့သိရတဲ့ အသိ၊ အတွေ့အကြုံပါ။ တကယ်လို့သာ အဲ့ဒီအရာဟာ အတွေးတစ်ခု ဆိုရင် ခင်ဗျား ကောင်းကောင်း ဖော်ပြနိုင်တယ်။ ဘာ အခက်အခဲမှ ရှိနေမှာ မဟုတ်ဘူးရယ်။ အဲ့ဒီ အတွေး ဟာ ဘယ်လောက် ခက်ခဲမှာ မို့လို့ လဲ။ ဘယ်လောက် ရှုပ်ထွေးနေမလဲ။ ခင်ဗျား ဖော်ပြ၊ ပြောပြလို့ ရပါတယ်။ တစ်နည်း မဟုတ် တစ်နည်းနဲ့ ပြောပြနိုင်တယ်။

ဥပမာ – အဲလ်ဘတ် အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ ( Theory of Relativity ) ။ ဒီ သီအိုရီဟာ သူ့ခေတ် သူ့အခါက တကယ် ရှုပ်ထွေး ခက်ခဲတဲ့ သီအိုရီ ပါ။ အခု လက်ရှိအချိန်မှာလည်း သိပ္ပံနဲ့ သင်္ချာ အရင်းနှီး အကျွမ်းတဝင် မရှိတဲ့သူတွေ အဖို့ ရှင်းပြဖို့ ခက်နေဆဲ၊ နားလည်ရ ခက်နေဆဲ သီအိုရီ ပါ။ ဒါပေမယ့် အဲ့ဒါ ပြဿနာ မရှိဘူး။ ခင်ဗျား ပြောပြမယ့် သူက သူ့ဘာသာ နားမလည် နိုင်တာပဲ ရှိမယ်။ ခင်ဗျား ကတော့ ခင်ဗျား သိတဲ့ အဲ့ဒီ သီအိုရီ ကို ပြောပြနိုင်တယ်။ ဆိုလိုတာကတော့ ခင်ဗျား အဲ့ဒီ အတွေးကို တစ်ခုခု သုံးပြီး ဖော်ပြနိုင်နေတယ်။ တစ်ဘက်သူ ကိုသာ လုံလောက်တဲ့ ကြောင်းကျိုး ဆင်ခြေနဲ့ အချက်အလက် အချို့ မွမ်းမံ ပေးလိုက်ပါ။ အချိန် အတိုင်းအတာ တစ်ခု အတွင်းမှာ သူလည်း နားလည် သွားလိမ့်မယ်။

အိုင်းစတိုင်း သက်ရှိ ထင်ရှား ရှိစဉ်က သူ့သီအိုရီကို ကောင်းကောင်း နားလည်တဲ့သူ ဟာ တစ်ကမ္ဘာလုံး မှာ လူ ဆယ့်နှစ်ယောက်၊ တစ်ဒါဇင်သာ ရှိတယ် လို့ ဆိုတယ်။ ဒါပေမယ့် အဲ့ဒီ ဆယ့်နှစ်ယောက် ရှိတာဟာ လုံလောက်ပါတယ်။ တစ်ယောက်ပဲ ရှိနေဦးတော့ – အိုင်းစတိုင်းဟာ သူ့ရဲ့ အတွေးကို ဖော်ပြနိုင်နေတယ်။ အခု အချိန်မှာ နားလည်မယ့်သူ ဘယ်သူမှ မရှိဘူး ဆိုရင်တောင် ရာစုနှစ် အချို့ ဖြတ်သန်း ပြီးသွားရင် နားလည်မယ့်သူ တစ်ယောက်ယောက် ရှိလာနိုင် သေးတယ်။ ဘာလို့လဲ ဆိုတော့ အိုင်းစတိုင်းဟာ သူ့အတွေးကို ဖော်ပြနိုင်လို့၊ အတွေး ဖြစ်နေလို့ပါပဲ။

သစ္စာတရား က အဲ့လို မဟုတ်ပါဘူး။ သူ့ဆီ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ဖို့ ဆိုရင် ခင်ဗျား စကားတွေ သုံးပြီး ဘယ်လိုမှ မဖော်ပြ နိုင်ဘူး။ အခြားလူကို မပြောနဲ့ဦး – ခင်ဗျား ကိုယ် ခင်ဗျား အတွက် ကိုပဲ စကားတွေနဲ့ သုံးပြီး နားလည်အောင် မလုပ်နိုင်ဘူး ဆိုတာ တွေ့ရပါလိမ့်မယ်။ စင်စစ် အဲ့ဒီ အရာ ဟာ စိတ်ကူးတွေ၊ အတွေးတွေ၊ စကားလုံးမှိုင်းတွေ လုံးဝ ဖယ်ချနိုင်ပြီးနောက်မှ ရောက်ရှိနိုင်မယ့် အရာ ဖြစ်ပါတယ်။ အဲ့တော့ ခင်ဗျားက ပြန်မေးမယ်။ — စိတ်ကူးတွေ ၊ အတွေးတွေ မရှိဘဲ ဘယ်လို ရောက်သွားမှာတဲ့လဲ၊ ဘယ်လို လုပ်ရမှာလဲ—–။ ဒီလို မေးခွန်း ထွက်ပေါ် လာရ တာဟာ- Read more of this post

ဖြူစင်မှုမှသာ ဖြူစင်မှု ဆီသို့

၁။ နာမ်ခန္ဓာ (လေးပါး) တို့သည် စိတ်လျှင် ရှေ့သွား ရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ ပြစ်မှား လိုသော စိတ်ဖြင့် အကယ် ၍ ပြောဆို သော် လည်းကောင်း၊ ပြုလုပ်သော် လည်းကောင်း၊ ကြံစည်သော် လည်းကောင်း ထို ပြောဆို ပြုလုပ် ကြံစည်မှု ကြောင့် လှည်းဘီး သည် ၀န်ဆောင်နွား ၏ ခြေရာသို့ အစဉ် လိုက်ဘိ သကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ် လိုက်လေ၏။

၂။ နာမ်ခန္ခာ (လေးပါး) တို့သည် စိတ်လျှင် ရှေ့သွား ရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်း ကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆိုသော် လည်းကောင်း၊ ပြုလုပ်သော် လည်းကောင်း၊ ကြံစည်သော် လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်) သောကြောင့် အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာ သည် အစဉ်လိုက်လေ၏။

၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား ဖြစ်ပေါ်လာသည့် ရန်သည် မငြိမ်းအေးနိုင်။

၎။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုး မဖွဲ့ကုန်၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်း နိုင်၏။

၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်း နိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်း နိုင်ကုန်၏၊ ဤသဘော ကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။

၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်း နိုင်ကုန်၊ ဤလောက၌ ပညာရှိသူတို့သည် ငါတို့ သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှု တို့သည် ပြေငြိမ်းနိုင်ကုန်၏။

၇။ တင့်တယ်၏ဟူ၍ အဖန်ဖန် ရှု၍နေသော ဣနြေ္ဒ တို့၌ မစောင့်စည်းဘဲ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိမူ၍ ၀ီ ရိယ ယုတ်လျော့ ပျင်းရိသူကို လေမုန်တိုင်းသည် အားနည်းသော သစ်ပင်ကို နှိပ်စက် ညှဉ်းဆဲဘိ သကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် နှိပ်စက်နိုင်၏။

၈။ မတင့်တယ် ဟု အဖန်ဖန် ရှု၍နေသော ဣနြေ္ဒတို့၌ ကောင်းစွာ စောင့်စည်း လျက် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၍ သဒ္ဓါတရား ရှိသဖြင့် ထက်သန်သော လုံ့လရှိသူ ကို လေမုန်တိုင်းသည် ကျောက်တောင်ကြီးကို မနှိပ်စက် မညှဉ်းဆဲ နိုင်ဘိ သကဲ့သို့ (ကိလေသာ) မာရ်သည် စင်စစ် မနှိပ်စက်နိုင်။

၉။ (ဣနြေ္ဒကို) ဆုံးမခြင်းကင်း၍ မှန်ကန်စွာ ပြောဆိုခြင်း မရှိသော ကိလေသာဖန်ရေ မကင်းဘဲလျက် ဖန်ရည်စွန်း သော အ၀တ် (သင်္ကန်း) ကို ၀တ်သောသူသည်၊ ဖန်ရည် စွန်းသော အ၀တ် (သင်္ကန်း) နှင့် မထိုက်တန်။

၁၀။ ဣနြေ္ဒ တို့ကို ဆုံးမလျက် မှန်ကန်စွာ ပြောဆိုခြင်း ရှိသော ကိလေသာဖန်ရေ ကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူ သည်သာလျှင် ဖန်ရည် စွန်းသော အ၀တ်နှင့် ထိုက်တန်၏။

ချစ်လှစွာသော “ဗောဓိသတ္တဝ” အပေါင်းတို့။

မှန်၏။ ဤသို့ “ဗောဓိသတ္တဝ” ဟူ၍သာ ကျွန်ုပ်သည် သင်တို့ကို မြင်သည်။ ဤအမည်ပညတ် သည် သင်တို့ကိုယ်သင်တို့ စတင်ရှုမြင်ရန် အမည်လည်း ဖြစ်၏။ ဗောဓိသတ္တဝ ဟူသော အမည်သည် စင်စစ် အနှစ်သာရ အားဖြင့် ဗုဒ္ဓဖြစ်ခြင်း ကို ဆိုလိုသည်။ မျိုးသဏ္ဍာန် အားဖြင့် ဗုဒ္ဓဖြစ်ခြင်းကို ဆိုလိုသည်။ ဗုဒ္ဓ၏ အဖြစ်ဖြင့်သာလျှင် နိုးကြားစွာ အိပ်စက်ခြင်း ရှိသည်။ ဤအဓိပ္ပာယ် အားဖြင့် လူသား အားလုံး သည် ဗောဓိသတ္တဝ ဖြစ်သလော ဟု ထင်ဖွယ်ဟန် ရှိသည်။ ဟုတ်ပါသလော။

စင်စစ် အားဖြင့် လူသားတိုင်းကို ဗောဓိသတ္တဝဟု မခေါ်ဆိုနိုင်ပေ။ Read more of this post