ကလေး ဆန်ကြသည်

တစ်ချိန် က ဇင်ဆရာ နန်းယင် က ပြောဖူး တယ်။ “ကျုပ် ပြနေတာ လ ကိုပါ။ ကျုပ် လက်ညှိုး ကိုတော့ မကိုက် ကြပါနဲ့”

ကလေးလေး တွေ ဟာ ကိုယ့် လက်မလေးကို ကိုယ် စုပ်နေ၊ ကိုက်နေ တတ်တယ်။ မိခင် (ဝါ) ဖခင် ဖြစ်သူ ကို လှမ်း ကြည့် ပြီး မကြာခင် မုန့်စား ရ တော့မှာပဲ လို့ မျှော်လင့် တယ်။ အလားတူ- “ကလေးကြီး” တွေ ကလည်း အဲ့လို ပဲ။ ဆရာသခင် ရဲ့ လက်ကို လိုက် ကိုက် တယ်။ လိုက် စုပ်တယ်။ ဒါမှသာ မကြာခင်မှာ အသိတရား ရ ရမှာပဲ လို့ တွေးထင် တယ်။

ကလေးအဖြစ်က ချစ်စရာ ကောင်းတယ်။ ဒါပေမယ့် ကလေးဆန် တာကတော့ မကောင်းဘူး။ ရှင်းသန့် နေတဲ့ ကလေးအဖြစ် ဟာ ကောင်း တယ်။ ဒါပေမယ့် “ရှင်းသန့် နေ ယောင်ဆောင်” တဲ့ ကလေးဆန် တဲ့ အဖြစ်ဟာ အန္တရာယ် ရှိပါတယ်။ စိတ် ကို အာရုံ တွေ နဲ့ ဖုံးတဲ့ အခါ – လမ်း ကို မြင်မှာ မဟုတ်ဘူး။ ကြည်လင်မှု ပျောက်ဆုံး တဲ့ အခါ – အန္တရာယ် ကို ခွဲခြား နိုင်မှာ မဟုတ်ဘူး။ ဒါကိုပဲ – “မာယာ အပလိန်း လိမ်းကျံ နေတယ်” လို့ ဆရာတွေက – ပမာ နှိုင်းဆို တတ်ပါတယ်။ သရုပ် အားဖြင့် – သူတို့က – မိမိ ဦးတည်ရာ တွေ ကို ဝေဝါး ပစ်တယ်။ ကြည့်မှ မြင်မယ့် ဒီ အမြင် အတွက် – အနည်းဆုံးတော့ – မျက်လုံး လိုတယ် မဟုတ်လား။ ဒါပေတဲ့ – သူတို့ တွေက မိမိ မျက်ခွံ တွေ ကို ဆွဲပိတ် ချပစ်တယ်။

Read more of this post

ကိုယ်ပိုင် မျက်နှာ

ဇင်မှာ ဆာတိုရီ ဟာ အမေးအခံရဆုံး တစ်ခုနဲ့ ခဏခဏ အပြောရဆုံး တစ်ခုလို့ ဆိုတယ်။ ဆာတိုရီ ဟာ ဘာလဲ၊ ဆာတိုရီ ဘယ်လို ရပါ့မလဲ ဆိုတာတွေလည်း မကြာခဏ မေးတယ်။ ဆာတိုရီ ဟာ ဘာလဲ ဆို- မိမိရဲ့ ပုံမှန်၊ သာမာန် သဘာဝ လို့ပဲ ရိုးရိုး ပြောရမှာပဲ။ အဲ့အတိုင်းထက် ဘာမှ မပိုဘူး ပဲ။ တစ်ခြား ထူးခြား နေတဲ့ အရာ။ ကြီးကျယ် နေတဲ့၊ မရှိလာသေးတဲ့ အရာ တစ်ခု မဟုတ်ဘူး။ ရှိပြီးသား။ ဒါ့ကြောင့် သူ့ကို ဘယ်လို ရအောင် လုပ်ရမလဲ မေးရင်၊ မေးခွန်းက အဓိပ္ပာယ် ရှိမှာ မဟုတ် ဘူး။ ရှိပြီးသား အရာ ကို ကြည့်လိုက်ရုံလေး။ မိမိဘာသာ မမြင်ဘဲ နေနေတာ လေးပဲ။

ကိုယ့်မှာ ကိုယ်ပိုင် ဥစ္စာရှိတယ်။ ကိုယ်ပိုင် တိုင်းပြည်နိုင်ငံ ရှိတယ်။ ကိုယ်ပိုင် ရတနာ ရှိတယ်။ ဒါကို ဒီလူ က – ကျုပ် ဘုရင် ဖြစ်ချင်တယ်။ ဘုရင် ဖြစ်အောင် ဘယ်လို လုပ်ရမလဲ။ ကျုပ် သူဌေး ဖြစ်ချင် တယ်။ သူဌေး ဖြစ်အောင် ဘယ်လို လုပ်ရမလဲ။ ဒီလို မေးလာရင် ဒီမေးခွန်း က အဓိပ္ပာယ် ရှိမှာ မဟုတ်ဘူး။ ရူးနေသလား ကိုယ့်ဟာကိုယ်လည်း ပြန်ကြည့်ပါဦး လို့ပဲ ပြောရ မယ်မလား။ မျက်လုံး ဟာ ကိုယ့်ကိုယ် ကိုယ် ပြန် မမြင်ဘူး။ သူတစ်ပါး ကို ပဲ မြင်တယ်။ ကိုယ့်မှာ ဥစ္စာရှိနေတာကို မမြင် ဘူး။ အခြားသူ အိပ်ကပ် ကိုပဲ မြင်တယ်။ သန္တိသုခ ကို မိမိမှာ မရှာဘူး – တစ်ပါးသူ ဆီက လက်ဝါး ဖြန့်ချင်တဲ့ စိတ် – အများအားဖြင့် ရှိတယ်။ အဲ့ဒါကြောင့်ပဲ ဆာတိုရီ ရဲ့ အဖြစ်ကို မမြင် မသိ၊ နားလည် လွဲတာ ဖြစ်ပါတယ်။

မိမိရဲ့ ဗဟိုချက် ဟာ မိမိ ဆီမှာပဲ ရှိသင့်တယ်။ (ရှိသင့်တယ် ဆိုတာကလည်း မမှန်သေးဘူး။ မိမိ မှာပဲ ရှိတယ်) ဒါပေမယ့် လူအများက အဲ့ အတိုင်း မနေဘူး။ မိမိရဲ့ ဗဟိုချက်ကို သူတစ်ပါး ဆီ တင်ထား ၊ စိုက်ထား တယ်။ မိမိကိုယ် မိမိ ဘယ်လို ထင်မလဲ – ဆိုတာထက်၊ သူတစ်ပါးတွေ ငါ့ကို ဘယ်လို ထင်မလဲ လို့ မျက်လုံး ဝှေ့ရမ်း၊ အမြဲ ပူပန်တယ်။ မိမိရဲ့ အဖြစ်ကို အသိ သတိ ရှိမရှိ စစ်ဆေး ဖို့ထက်၊ တစ်ပါးသူတွေ ငါ့ကို ဘယ်လို ဂရုပြုနေ ပါ့မလဲပဲ မေးခွန်း ထုတ်တယ်။

Read more of this post

Dhyan သည် စိတ်၏ အလွန်

အနောက်တိုင်း ဘာသာစကား မှာ – ကျနော် တို့ အခု သုံးနေတဲ့ “ဘာဝနာ” ဆိုတဲ့ ဝေါဟာရနဲ့ ညီမျှတဲ့ စကား မရှိဘူး။ အနီးစပ်ဆုံး “Meditation” ဆိုတာသာ ရှိပါတယ်။

“ဝေါဟာရ ဖြစ်ပေါ်ရခြင်းဟာ အတွေ့အကြုံ အပေါ်မှာ အခြေတည်တယ်” ဆိုတဲ့ ဘာသာဗေဒ အဆိုတစ်ခု ရှိတယ်။ အဲ့ဒါကို မှီပြီး ပြောရင် – “ဝေါဟာရ အားနည်း ရခြင်း ဟာ အတွေ့အကြုံ အားနည်း တာ ကြောင့် ဖြစ်တယ်” လို့ ကောက်ချက် ချပါတယ်။ အနောက်တိုင်း မှာတင် မကဘူး – အရှေ့တိုင်း ဘာသာစကားတွေမှာလည်း “ဘာဝနာ” နဲ့ တူမျှတဲ့ စကားလုံး ရှားပါးတယ်။

အလားတူ – အနောက်တိုင်း ဝေါဟာရကို အရှေ့တိုင်း အတွင်း ဖလှယ် သုံးစွဲတဲ့ အခါ မှာလည်း – ထပ်တူပြု မရနိုင် တဲ့ အရင်းခံ စကားလုံး မရှိတာ များသေး တယ်။ ဥပမာ – Scientific – သိပ္ပံနည်းကျသော၊ Technological – နည်းပညာ ပိုင်း ဆန်သော၊ Objective – ဓမ္မဓိဋ္ဌာန် ကျသော ~ အဲ့ထက် ပိုပြီး ထပ်ချဲ့ပြော ဖို့က ရှား ပါတယ်။

ဒါ့ကြောင့် အချို့ဝေါဟာရများကို ဖွင့်ဆိုတဲ့ အခါ ဖွင့်ဆိုရခက်တဲ့ အကြောင်း အရာ များ ရှိကြောင်း အရင်နားလည် ထားဖို့ လိုတယ်။

အနောက် အင်္ဂလိပ်တို့ ဘာသာစကားမှာလည်း ရှိ၊ ကျနော်တို့ အရှေ့ တိုင်း ဝေါဟာရ မှာလည်း ထပ်တူ ရှိတဲ့ ဝေါဟာရ သုံးလုံး အကြောင်း ပြောရင် –

၁။ ပထမ ဝေါဟာရ က “Concentration”. စူးစိုက်မှု ဖြစ်ပြီး ဧကဂ္ဂရတ္တ “Ekagarata” လို့ ခေါ်ပါ တယ်။

၂။ ဒုတိယ ဝေါဟာရ က “Contemplation”. ဆင်ခြင်မှု ဖြစ်ပြီး ဝိမာသျှ် “Vimarsh” လို့ ခေါ်တယ်။ သူကလည်း ပထမ ဝေါဟာရနဲ့ နင်လား ငါလားပဲ။ တစ်နေရာ တည်း အကြောင်းအရာ တစ်ခုတည်း ကို စူးစိုက်တယ်- တစ်ဆင့်မြင့်ပြီး – နားလည် သိမြင်အောင် -ဆင်ခြင် တွေးတော တာ ဖြစ် တယ်။ ဖြစ်ဖြစ် သမျှ အရာ အားလုံးကို မရောက်ဘူး။ မပြန့်နှံ့သွားဘူး။ ရှုမြင် သုံးသပ်တဲ့ အကြောင်း အချက် တစ်ခုကို အတွင်းပိုင်းထိ တိုးဝင်ပြီး နားလည်အောင် ကြည့်တဲ့ သဘောသာ ဖြစ်ပါတယ်။ Concentration ရဲ့ တစ်ဆင့် မြင့်တက် လာတဲ့ ဖြစ်စဉ် ပါပဲ။

၃။ တတိယ ဝေါဟာရ က “Meditation”. ဘာဝနာ လို့ ကျနော် တို့ အလွယ် ခေါ် ပါ တယ်။ ဒါပေမယ့် အနောက်တိုင်းမှာ ဒီစကားလုံးကို နည်းအမျိုးမျိုးနဲ့ သုံး တယ်။ ကျနော် သိသလောက် အစောဆုံး အနေနဲ့ – Mercus Aurelius က Meditation အမည်နဲ့ စာအုပ်စတင် ရေးတယ်။ ဒါပေမယ့် ကျနော် တို့ နားလည် တဲ့ ဘာဝနာ နဲ့ ထပ်တူ မတူညီ ပါဘူး။ သူသုံးစွဲတဲ့ “Meditation” ဟာ – “Concentration နဲ့ Contemplation ကို ထပ်ပြီး လေးနက်သွားစေတဲ့ ဖြစ်စဉ်” ကိုသာ ဆိုလိုနေပြီး အခြား အဓိပ္ပာယ် ဖွင့်ဆိုချက် ရှိမနေဘူးရယ်။

Read more of this post

ရင်းဇိုက် နှင့် တောင်ဝှေး

မနက်ခင်း တစ်ခု မှာ- ဇင်ဆရာ ရင်းဇိုက်- က တောင်ဝှေး တစ်ချောင်း ထောက်ပြီး ဒကာ တစ်ဦး နဲ့ အတူ လမ်းလျောက် ထွက် တယ်။ လမ်း ရောက်တော့ – ဒကာဖြစ်သူက မေးခွန်း တစ်ခု အမှတ် တမဲ့ မေး တယ်။

“အသိဥာဏ်အလင်း ဆိုတာ- ဘယ်လို မျိုးလဲ။ ဘယ်မှာ ရှာရ မလဲ – ဆရာ။”

ရင်းဇိုက်က သူ့လက်ထဲကိုင်ထားတဲ့ တောင်ဝှေးကို အဲ့ဒီ ဒကာရှေ့မှာ ထောင်လိုက်တယ်။

“မင်း ဒီတောင်ဝှေးကို မြင်လား။ မြင်တယ် ဆိုရင် – အသိဥာဏ် အလင်း ဆိုတာ ကို ခင်ဗျား အခြား ဘယ်မှာမှ ရှာနေစရာ မလိုဘူးပဲ”

ဒကာ ဖြစ်သူ က နားမလည်ဘူး။ စိတ်ရှုပ်သွားတဲ့ ပုံနဲ့ ထပ် မေးတယ်။

“ဒီတောင်ဝှေးဟာ တုတ် တစ်ချောင်း သက်သက်ပဲလေ ဆရာ။ ဒါကြီး မြင်ရုံနဲ့ အသိဥာဏ်အလင်း ဘယ်လို ရမှာလဲ”

ရင်းဇိုက်က အဲ့ဒကာ ရှေ့ ကနေ တောင်ဝှေးကို ပြန်ဆွဲယူလိုက်တယ်။ Read more of this post

မာန သုံးပါး

ပုရာဘေဒသုတ် မှာ – မာန နဲ့ပတ်သက်လို့ သုံးမျိုး ဆိုပါတယ်။

လောကေ – လောက၌၊ အတ္တာနံ – မိမိ ကိုယ်ကို –
၁။ – သမေ – သူတစ်ပါးနှင့် တူညီသည် ဟူ၍လည်း၊ န မညတေ- မထင်မှတ်အပ်။
၂။ – န ဝိသေသိ – သူတစ်ပါးထက် ထူးမြတ်သည် ဟူ၍လည်း၊ န မညတေ – မထင်မှတ်အပ်။
၃။ – န နီစေယျော – သူတစ်ပါးထက် နိမ့်ကျသည် ဟူ၍လည်း၊ န မညတေ – မထင်မှတ်အပ်။
————————


စင်စစ် ကြည့်ရင် – မာန် (ဝါ) မာန ဟာ – သူတစ်ပါးနဲ့ နှိုင်းယှဉ်တဲ့ အခါတွေမှာ ပေါ်ပေါက် တာ ဖြစ်ပါ တယ်။ မိမိ တစ်ဦးတည်း အထီးတည်း အဖြစ်ကို လက်မခံနိုင်ခြင်း သဘော ကိုပဲ မာန်၊ မာန လို့ ခေါ်ဆို တယ်။ ရှေးဆရာ တို့ အလို အားဖြင့် သူ့မှာ- ဥဏ္ဏာတိ လက္ခဏာ ၊ “တက်ကြွတဲ့ သဘော” ရှိတယ် လို့ ဆိုပါတယ်။

ဒီ သုံးမျိုး မှာ – မိမိ ကိုယ်ကို ၁။ အခြား သူတစ်ပါး နဲ့ နှိုင်းတုခြင်း၊ ၂။ သူတစ်ပါး ထက် ထူးမြတ် တယ် လို့ မှတ်ယူခြင်း – ဒီ နှစ်ချက်ဟာ တက်ကြွ၊ထောင်လွှား တဲ့ သဘော ဖြစ် တယ် လို့ လူ အများ သိမြင် ရ လွယ်ကူ တယ်။ တတိယ အမျိုး အစား “န နီစေယျော” – သူတစ်ပါး ထက် နိမ့်ကျတယ် လို့ မှတ်ယူ တဲ့ မာန ကို တော့ တက်ကြွ တဲ့ သဘော အနေ နဲ့ သိမြင် ခဲ တယ်။ အများ အားဖြင့် မှာ လည်း – အဲ့ မာန ဝင်ရင်း — ငါ့မှာ မာန်မာန မရှိဘဲ- လို့ ထင်မြင် နေ စရာ ရှိပါ တယ်။ ဒါပေမယ့် – စင်စစ် – မိမိ ကိုယ် ကို အနိမ့် မှာ ထားရင်း ရှိနေ တဲ့ ဒီ မာန ဟာ မိမိကိုယ်ကို နိမ့်ချတယ် ဆိုတဲ့ နိဝါတ မဟုတ်ဘူး။ ယုတ်နိမ့်တဲ့ အဆင့် အတန်း တစ်ခု အနေ နဲ့ မိမိ ကိုယ်ကိုယ် ဂုဏ်ယူ တဲ့ သဘော သာ ဖြစ်ပါတယ်။

“ငါ – ဘယ်သူတွေ ထက် မိုက်တယ်။ ငါဟာ သူတို့တွေထက် ပိုခံစားရတယ်။ ငါ ဟာ သူတို့တွေ ထက် ပိုနာကျင် ခဲ့ရတယ်။ ငါသာ အတ္တအနည်းဆုံး၊ ငါ့မှာ ဘာမှ ငဲ့ကွက်စရာ မရှိဘူး။ မလိုဘူး။ ငါ့မှာ ဘာ ဂုဏ်မှ တက်စရာ မရှိဘူး။” — စသဖြင့် မိမိရဲ့ အတွေးသန္တာန် မှာ အောက်ကျ တဲ့ အခြေအနေ ကို အခြေပြု ကုပ်ယူပြီး- ဂုဏ်ယူတာ တစ်မျိုး ပဲ။

ကျေးကျွန် အဖြစ်နဲ့လည်း – “ငါဟာ အိမ်ပေါက်ကျွန် ဖြစ်တယ်၊ ကျွန်ရင်း ဖြစ်တယ်” လို့ ကျွန်တွင်း နက် တယ်။ ဒါကိုပဲ ဂုဏ်ယူ နေ တတ်တယ်။ အောက်ကျ တဲ့ အဖြစ်၊ နိမ့် တဲ့ အဖြစ် ကနေ အခြား တစ်ပါး နဲ့ နှိုင်းယှဉ် တယ်။ ဒါကိုက တက်ကြွတဲ့ စိတ်သဘောက ရှိနေ တာ ဖြစ်ပါတယ်။

Read more of this post

ဟိုတိ

ဇင်ဆရာ ဟိုတိ ဆိုတာ ရှိတယ်။ သူက တစ်ရွာဝင် တစ်ရွာထွက် သွားနေတတ်တယ်။ သူ့ကိုယ်ပေါ် မှာ လွယ်အိတ် အကြီးကြီး တစ်လုံး လွယ်ထားပြီး၊ အထဲမှာ အရုပ်တွေ၊ သကြားလုံးတွေ၊ မုန့်တွေ ထည့်ထား တတ်တယ်။ လမ်းမှာတွေ့ရင် တွေ့တဲ့ ကလေးသူငယ်တိုင်းကို လိုက်ဝေ ပေးတယ်။ အဲ့လို နှစ်ပေါင်း များစွာ တွေ့ လာရတော့ – တစ်နေ့မှာ လူတစ်ယောက် က မေး တယ်-

“ဟိုတိ၊ ခင်ဗျားကို ဒီလို လှည့်ပတ် လျောက်သွားနေ တာပဲ မြင်နေ ရတယ်။ ကျုပ်တို့ ကြားသိ တာတော့ – ခင်ဗျားဟာ ဇင်ဆရာ လို့ ပြောတယ်။ ဒါနဲ့များ – ဒီလို လှည့်လည် ရင်း ဟိုလျောက် သွား ဒီလျောက်သွား ဘာလို့ လုပ်နေရသလဲ။ ကလေးတွေကြား မုန့်ပဲ သရေ စာ ဝေခြမ်း ပျော်မွေ့ နေ တယ်။ အခြား ဘာများ လုပ်သေး သလဲ။ ခင်ဗျား ရဲ့ ဇင်ဓမ္မ ဆိုတာ ဘာလဲ။ ဒီလို အိတ်ကြီး တ ကားကား သွားလာနေတာ ခင်ဗျား ရဲ့ ဓမ္မ လား။ ဇင်ဆိုတဲ့ ဓမ္မ အကြောင်း ဟောပြော ကျင့်ကြံဖို့များ မလုပ် ဘူးလား။ အခု ကျုပ်တို့ကို ပြောစမ်းပါ။ ဇင် ဆိုတာ ဘာလဲ”

အဲ့အခါ ဟိုတိက သူ့အိတ်ကြီးကို ဗုန်းကနဲ ပစ်ချလိုက်တယ်။ ဘာမှ မပြောဘဲ ငြိမ်ငြိမ်သက်သက် ကြည်ကြည် ရွှင်ရွှင် ပဲ ထိုင်နေ ပါတယ်။ အဲ့အခါ မေးတဲ့သူက ဘာပြော ရမှန်း မသိတာနဲ့ – တစ်အောင့် အချိန် စောင့်ပြီး ဆက်မေးတယ်။ “ဇင်ဆိုတာ ဘာလဲ။”

ဟိုတိက – “ဒါ အကုန်ပါပဲ။ အခု ထမ်းထားတဲ့ ဝန်ကို ပစ်ချ လိုက်တယ် မဟုတ်လား။ အဲ့ဒါ အကုန်ပဲ”

မေးသူက တအံ့ တဩ ဖြစ်သွားတဲ့ အပြင် ထပ်သိချင်သွားတယ်။ “ဟုတ်ပြီ။ ဝန်ထုပ်ကြီး ပစ်ချလိုက်ပြီ။ အဲ့ဒီ နောက် – နောက်ထပ် တစ်ဆင့်ကရော –“

အဲ့ အခါ ဟိုတိ လည်း စကားတစ်ခွန်း မှ မဆိုတော့ဘဲ – Read more of this post

ဇင်သည် လည်မျို လည်း ညှစ်တတ်၏ ~

တစ်နေ့~ ဇင်ဆရာ ရင်းဇိုက် က သူ့ကျောင်းသင်္ခမ်းမှာ တရား စကား ပြောကြား နေချိန်။ တရား တစ်ပုဒ် ဟောဖို့ လုပ်တော့ လူတစ်ယောက် က ထလာ တယ်။ တရားပွဲကို ခဏရပ်ဖို့ ပြောတယ်။ ရင်းဇိုက်လည်း ရပ်လိုက်ပြီး မေးတယ်။

“ဘာဖြစ်လို့ပါလဲ”

မတ်တပ်ရပ်နေတဲ့ အဲ့ဒီလူက ပြန်ပြောတယ်။

“ဆရာသခင်၊ အသက်ဝိညာဉ် ဆိုတာ ဘာလဲ”

ဇင်ဆရာ ရင်းဇိုက် ဟာ သူ့တောင်ဝှေး ကို ကောက်ကိုင် လိုက်တယ်။ ရှေ့မှာ ထိုင်နေတဲ့ သူတွေကို လမ်း ခဏဖယ် ပေးဖို့ ပြောတယ်။ အဲ့ဒီ လူဆီ ထသွား တယ်။ မေးတဲ့သူ လည်း ရုတ်တရက် တုန်လှုပ် သွားပါတယ်။ သူ မေးတာ ကို ဒီလို ထလာပြီး ဖြေမယ် လို့ မထင် ထားဘူး။ ရင်းဇိုက် က အဲ့ဒီ လူ အနား ကို ရောက်လာတယ်။ ချက်ချင်းပဲ လည်မျို ကို ဖမ်းကိုင်ပြီး ညှစ်လိုက်တယ်။ ဖိ ညှစ်တယ်။ လည်မျိုကို အား တင်းတင်း ဖိညှစ် ထား တာကြောင့် အညှစ် ခံရတဲ့ ဟိုလူ ခမျာမှာ မျက်လုံးက ပြူးထွက် လာပါတယ်။ ဒါပေမယ့် ရင်းဇိုက်က ဆက်ညှစ် ထားတုန်းပဲ ။ ပြောလိုက်တယ်။ “ခင်ဗျား ဘယ်သူလဲ။ မျက်လုံး ပိတ်ထားလိုက်ပါ” အဲ့ဒီလူ လည်း မျက်လုံး မှိတ် လိုက်တယ်။ လည်မျို ကတော့ ညှစ်ထားရက်ပဲ ~ ရင်းဇိုက်က ထပ်မေးတယ်။ “ခင်ဗျား ဘယ်သူလဲ။ အခု ဘယ်သူလဲ” ။

အဲ့သည် ခဏ ~ အညှစ် ခံရတဲ့သူ လည်း မျက်လုံး ပြန်ဖွင့် လာတယ်။ ပြီးတော့ ရင်းဇိုက် လက်က ရုန်းထွက်တယ်။ နှစ်နှစ် ခြိုက်ခြိုက် ရယ်ပါတော့တယ်။”ဆရာသခင်။ ဆရာဟာ ကျနော် မေးတဲ့ အသက် ဝိညာဉ် အကြောင်း အပြည့်အစုံ ဖြေကြား ခဲ့ပြီးပါပြီ။ ကျနော် နားလည် ပါပြီ”။

ရင်းဇိုက် ရဲ့ အပြုအမူဟာ လတ်တလော အသုံးချ လိုက်တဲ့ အရာ တစ်ခု သက်သက်သာ ဖြစ်ပါတယ်။ အသက်ဝိညာဉ်က ဘာလဲ လို့ မေးတိုင်း ဒီလို ပုံစံ ဖြေလို့တော့ မရဘူးရယ် ~ ဒါ့ကြောင့် အခြား လူတစ်ယောက် က ရင်းဇိုက်ကို ဒီအကြောင်း မေးခဲ့ပါတယ်။ “ဘယ်သူ လာမေးမေး ခင်ဗျား အဲ့လို ပုံစံနဲ့ ပဲ ဖြေမှာလား” ။

ရင်းဇိုက်က ပြန်ပြောတယ်။

“သူ အဆင်သင့်ရှိနေတယ်။ ဒါ့ကြောင့် အခုခဏ အတွင်း – ဒီလို လုပ်ရပါတယ်။ သူ ကျုပ် ကို မေးတာက ~ သူ့အသိနဲ့ ညှိနှိုင်းဖို့၊ စစ်ကြော ဖို့၊ မေးခွန်း ပြန်ထုတ်ဖို့ for a question’s sake အနေနဲ့ မေးနေတာ မဟုတ်ဘူး။ သူ တကယ် သိချင် လို့ကို မေးနေတာရယ်။ ဒါ့ကြောင့် သူ အဆင်သင့် ရှိနေပြီးသား ဖြစ်ပါတယ်။ တကယ် မေးနေတယ်။

ဒါ့ကြောင့် သူ မေးတဲ့ မေးခွန်း ကလည်း သေရေး ရှင်ရေး ပြဿနာ တစ်ခု လို ဖြစ်သွားတယ်။ သူ့ မေးခွန်းကို ကြည့်ကြည့်ပါ။ အသက် ဝိညာဉ် ( Soul ) ဆိုတာ ဘာလဲ ~ တဲ့။ ဟုတ်တယ်ဟုတ်။ အဲ့ဒီ အတွက် သူ့ရင်တွင်းမှာ အဖြေပြည့်ဝ သိနိုင်ဖို့ အကြောင်း ပြည့်စုံ ပါတယ်။ သူအခု လက်ရှိ ရှင်သန် နေတာ ကိုသာ တွေဝေ သံသယ ရှိနေမိရုံလေး ဖြစ်နေတယ် ။ အဲ့အတွက်လည်း သူ မေးတဲ့မေးခွန်းက “ဘဝ ဆိုတာ ဘာလဲ” လို့ မေးတယ် ။ ဒါဟာ အတူတူပဲ မဟုတ်လား။

Read more of this post