သုညတ ကိုယ်တော်

ဇင်ကိုယ်တော် တစ်ပါး ရှိတယ်။ သူ့ကိုယ်သူ “သုညတ ကိုယ်တော်” လို့ နာမည် ပေးထားတယ်။ စင်စစ် – သူဟာ ဘာမှ မသိတဲ့သူ၊ အသိ အမြင် ဘာမှ မရှိ၊ ဘာမှ နားမလည်ထား တဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ မသိ၊ မတတ်၊ နားမလည် တာကို လူမသိစေချင်ဘူး။ ဒါ့ကြောင့် ထက်မြက်တဲ့ ကိုယ်တော် နှစ်ပါးကို သူ့ဘေးနား ခေါ်ထားတယ်။ တကယ်လို့သာ တစ်စုံတစ်ယောက်က တရားစကား အမေး အမြန်း ပြု လာခဲ့ရင် သူတို့ နှစ်ပါးကပဲ ဖြေ၊ သူကတော့ ဆိတ်ဆိတ် နေတယ်။ ဘာမှ ကို မပြောဘူး – အခန့်သား – ဆိုပါတော့။ ဒီလို စကား ဘာမှ မပြော၊ မဆို တဲ့ အတွက် လည်း သူ့ကိုယ်သူ သုညတ ကိုယ်တော် အဖြစ် ကောင်းကောင်း နာမည် တပ် ထားနိုင်ခဲ့တယ်။

တစ်နေ့တော့ ~ ကျောင်းကို – အာဂန္တု ရဟန်း တစ်ပါး ရောက်လာတယ်။ ဖြေကြားလေ့ ရှိတဲ့ ဟို ကိုယ်တော် နှစ်ပါးကလည်း ကံ ဆိုးချင်တော့ – အဲ့အချိန် – သူ့အနား မှာ – ရှိမနေဘူး ။ “သုညတ ကိုယ်တော်”ကြီး ဖြစ်တဲ့ သူသာလျှင် အထီးတည်း ရှိနေတယ်။ အာဂန္တု ရဟန်းက ရောက်ရောက်ချင်းပဲ ကိုယ်တော်ကြီး ကို မေးခွန်း တစ်ခု မေးတယ်။

“ဆရာတော်ဘုရား၊ ဗုဒ္ဓ ဆိုတာ ဘာလဲ”

ကိုယ်တော် လည်း ဘာဖြေရမှန်း မသိတော့၊ ကျီးကြည့် ကြောင်ကြည့်- ဟိုကြည့် ဒီကြည့်ပေါ့။ တောင်တောင် အီအီ ဟိုငေး ဒီငေး ဖြစ် သွား တယ်။ ဘာမှလည်း မပြောသာ ဘူးရယ်။ ဒါပေမယ့် အာဂန္တု ရဟန်းက ကျေနပ်သွားဟန် တူပါတယ်။ နောက်မေးခွန်းတစ်ခု ထပ်မေး တယ်။

Read more of this post

ဆာတိုရီ ( Satori )

ဇင် နဲ့ ပတ်သက်လို့ အမေး အများဆုံးက ဆာတိုရီ ( Satori ) ပဲ ဖြစ်ပါတယ်။ ဆာတိုရီ ကို – “အသိဥာဏ် အမြင် နိုးထမှု ခဏ” လို့ အဓိပ္ပာယ် ဖွင့်ဆိုလေ့ ရှိတယ်။ ဇင်နဲ့ ဆက်နွယ်တဲ့ ဒဏ္ဍာရီ၊ ပုံပြင် သမိုင်းတွေမှာ ဆာတိုရီ ဆိုတဲ့ ဝေါဟာရ မကြာခဏ ပါလေ့ ရှိတယ်။ ဆာတိုရီ ဘယ်လို ရရှိသလဲ။ ဆာတိုရီ ကို အချိန်ကြာမြင့် အောင် ကြိုးပမ်း ပြီးမှ ရနိုင်တာလား။ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစား အားထုတ်မှ ရတာမျိုးလား။ သေချာတာက- လိုချင် စိတ်ဇောတွေနဲ့ လုပ်နေတဲ့ အချိန်တွေ ထိ မရသေးဘူး။ ဘယ် အားထုတ်မှု ကိုမှ မလုပ်ပြုတော့တဲ့ ခဏ- အားလုံးဖြေလျော့ချ လိုက်တဲ့ ခဏလေး မှာ ဆာတိုရီ ရရှိပါတယ်။

ဆိုပါစို့။ လူတစ်ယောက် အိပ်ငိုက်နေတယ်။ သူ့ကိုယ်သူ ဘာမှန်းတောင် မသိလောက် အောင် အိပ်ချင်မူးတူး ဖြစ်နေတယ်။ အိပ်ပျော် သွားတယ်။ သိမှတ်မှု မရှိဘဲ၊ ဘာမှ မသိတော့ဘဲ အိပ်ပျော် သွားတယ်။ အိပ်မက်တွေ အရှည်ကြီး မက်နေတယ် ဆိုပါစို့။ အဲ့အချိန်မှာ လူတစ်ယောက် ရောက်လာတယ်။“ဟေ့ကောင်၊ ဒီမှာဘာလာလုပ်နေတာလဲ၊ ထ” ဆိုပြီး အော်တယ်။ ဖြတ်ခနဲ သူလန့်နိုး သွားတယ်။ မျက်လုံးပွင့်လာတယ်။ သူ အိပ်ပျော် သွားမိပါလား ဆိုတာ အဲ့ခဏမှာ သိလိုက်တယ်။ အဲ့ဒီ ခဏ ကလေးပဲ။

ဒီလို မနိုးလာခင်က သူ အိပ်မက်တွေ တစ်ထောင့် တစ်ည တမေ့တမော၊ ရှည်ရှည်လျားလျား မက်နေမယ်။ အိပ်မက် ရှည်ကြီးတွေ ထဲမှာ အိပ်မက်ဆိုးတွေ မက်နေဦးမယ်။ ဘာပဲ ပြောပြော – အိပ်မက်ထဲ စီးမျော နေမယ်။ ဦးတည်ချက် အမျိုးမျိုး သွားလာ လှုပ်ရှား နေမယ်။ အိပ်မက် ထဲမှာ မဖြစ်နိုင်တဲ့ အရာတွေပါ ဖြစ်နေနိုင် ပါသေးတယ်။ – ဒါပေမယ့် ရုတ်တရက် ခေါ်သံ “ထတော့” ဆိုတဲ့ ခဏမှာ သူ ဖြတ်ခနဲ နိုးသွား တယ်။ သူ အိပ်မက်တွေ မက်နေ မိတာ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရတယ်။ ဒီဥပမာဟာ ဆာတိုရီ ( Satori ) နဲ့ အတိအကျ တူညီ ပါတယ်။

Read more of this post

Quantum Counting

I love physics. So,as I read and liked it,this article is just shared from nature.com being pleased to my colleagues who interested in number theory and physics.

The blogger of it is Zeeya Merali, freelence from London.

Zayya
…………………………….
In 2008, quantum physicist Andrew White found himself building a “ridiculous machine” in his lab at the University of Queensland in Brisbane, Australia.

White had spent years working on quantum computation, attempting to exploit subatomic physics to create a device with the potential to outperform its best macroscopic counterparts. And he had learned that it was a tough job: the required quantum systems are fragile, and demand immaculate laboratory conditions to survive long enough to be of any use. Now White was setting out to test an unorthodox quantum algorithm that seemed to turn that lesson on its head. In this scheme, messiness and disorder would be virtues, not vices — and perturbations in the quantum system would drive computation, not disrupt it.

“I honestly thought, there’s no way this will work,” says White. But when he turned his ridiculous machine on, it ran1.

Read more of this post