တောက်တယ်ကျင်း အပိုဒ် (၅)

ကောင်းကင်နှင့်မြေပြင်သည် ငဲ့ကွက်ခြင်း အလျဉ်းမရှိ။

အရာအားလုံးကို ကောက်ရိုးခွေးရုပ်*သဖွယ်သာ ဆက်ဆံ၏။

ပညာရှိသည်လည်း ငဲ့ကွက်ခြင်း အလျဉ်းမရှိ။

လူအများကို ကောက်ရိုးခွေးရုပ်သဖွယ်သာ ဆက်ဆံ၏။

ကောင်းကင်နှင့် မြေပြင်ကြား လဟာပြင်သည်

ဟာလာဟင်းလင်းပွင့်လျက် ဖားဖိုကြီးနှင့် တူသည် မဟုတ်လော။

ဗလာနတ္ထိဖြစ်လျက်နှင့် မကုန်နိုင် မခမ်းနိုင်။

ရွေ့လျားနေလျက်နှင့် ဆထက်အများ တိုးပွါးကုန်၏။

စကားများလွန်းလျှင် အားအစွမ်း မြန်မြန်ကုန်လွယ်သည် ဖြစ်၍၊

ဗဟိုချက်၌သာ မယိမ်းမယိုင် ထိန်းသိမ်းတည်လော့။

………………

道徳経第五章

………………

Note: *芻狗: ကောက်ရိုးခွေးရုပ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာ ဝန်းကျင်ကတည်းက စိနယဉ်ကျေးမှုဓလေ့ ဖြစ်တဲ့ ယဇ်ပူဇော်ပွဲသုံး အရုပ်လို့ မှတ်သားမိတယ်။ အထွတ်အမြတ် ပူဇော်ပသသမှုတွေ ပြုပေမယ့်၊ ကိစ္စမပြုခင်မှာဖြစ်စေ၊ ပြုစဉ်မှာရော ပြုအပြီးမှာပါဖြစ်စေ ဒီကောက်ရိုးခွေးရုပ်တွေကို တွယ်တာခြင်း ကင်းတယ်၊ သံယောဇဉ်ကင်းတယ် ဆိုတဲ့ သဘောလို့ နားလည်တယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: