တောက်တယ်ကျင်း အပိုဒ် (၂၅)
January 25, 2022 Leave a comment

ကောင်းကင်နှင့်မြေပြင် မတိုင်ခင်က
မထင်မရှားသော အရာသည် ရှိ၏။
တစ်သီးတစ်သန့် တိတ်ဆိတ်စွာဖြင့်၊
မပြောင်းမလဲ တစ်ကိုယ်တည်းဖြင့်၊
မဖောက်မပြန် ထာဝရလည်ပတ်လျက်
သဗ္ဗလောက၏ မိခင်ဂုဏ်နှင့် လျော်ညီစွာ ဖြစ်တည်၏။
သူ၏အမည်နာမကို ငါမသိ။ တောက်ဟုသာ ညွှန်းဆိုမည်။
အမည်နာမ တပ်ရမည်ဆိုလျှင်လည်း “မဟာ”ဟုသာ ခေါ်ကြစို့။
“မဟာ” ကြီးမြတ်ခြင်းကြောင့် ဝဠာတစ်ခွင် ခြေဆန့်၏။
ဝဠာတစ်ခွင် ခြေဆန့်ခြင်းကြောင့် အဝေးဆုံးကို ရောက်၏။
အဝေးဆုံးကို ရောက်ခြင်းသည် မူလဘူတသို့ ပြန်ခြင်း မည်၏။
ထို့ကြောင့်
တောက်သည် ကြီးမြတ်၏။
ကောင်းကင်သည် ကြီးမြတ်၏။
မြေလွှာသည် ကြီးမြတ်၏။
ပညာရှိသည် ကြီးမြတ်၏။
လောက၌ ဤကြီးမြတ်မှုလေးပါး ရှိသည့်အနက်
ပညာရှိသည်လည်း တစ်ပါးအပါအဝင် ဖြစ်၏။
လူသည် မြေလွှာကို စံပြုရာ၏။
မြေလွှာသည် ကောင်းကင်ကို စံပြုရာ၏။
ကောင်းကင်သည် တောက်ကို စံပြုရာ၏။
တောက်သည် သဘာဝကို စံပြုရာ၏။
……………………….
道徳経第二十五章
………………………