တောက်တယ်ကျင်း အပိုဒ် (၃၂)
January 30, 2022 Leave a comment

တောက်သည် ပြီးပြည့်စုံသည် ဖြစ်ရကား အမည်နာမ မရှိ။
သစ်ရိုင်းတုံးသည် သေးငယ်လင့်ကစား မည်သူမျှ အသုံးမပြုနိုင်သကဲ့သို့၊
မင်းမှူးမတ်တို့သည်သာ ဤထုံးကို နှလုံးမူနိုင်မည်ဆိုလျှင်
လောကတစ်ခွင်၌ အာဏာစက်သည် အလိုလိုတည်လိမ့်မည်။
ကောင်းကင်နှင့် မြေပြင်တို့ ဆုံ၍၊
မိုးသက်ချိုတို့ ရွာခြင်းသည်
လူတို့ ပယောဂ မစွက်၊
သဘာဝတ္ထအလိုသာ အကြောင်းဖက်၍ ဖြစ်၏။
လူ့ပြည်ရွာ ဖြစ်ထွန်းလာမှ အမည်ပညတ်တို့ ဖြစ်ထွန်းလာရ၏။
အမည်ပညတ် ဖြစ်ထွန်းလာခြင်းကြောင့်
အကြင်သူသည် ရပ်နားသင့်သော အခါဌာနကို သိရ၏။
ရပ်နားသင့်သော အခါဌာနကို သိသူသည် ဘေးမရှိ။
လောကတွင်တည်သော တောက်သည်
မြစ်ပြင်နှင့်ပင်လယ်သို့ စီးသော တောင်ကြားစမ်းရေ ပမာတည်း။
………………….……
道徳経第三十ニ章
……………………….