တောက်တယ်ကျင်း အပိုဒ် (၁၃)
January 24, 2022 Leave a comment

ပသံသာ(အချီးမွမ်းခံရခြင်း)သည်
နိန္ဒာ(အကဲ့ရဲ့ခံရခြင်း)နှင့် ထပ်တူ တုန်လှုပ်စေတတ်၏။
ကြောက်လန့်ခြင်း(ဘေး)သည် မိမိအတ္တနှင့် ထပ်တူဖြစ်ရ၏။
“ပသံသာနှင့် နိန္ဒာသည် ထပ်တူ တုန်လှုပ်စေတတ်၏”ဆိုသည်မှာ အဘယ်နည်း။
အကြင်သူသည် တပါးသူ၏ အချီးမွမ်းကို-
ရရှိသောအခါ၌လည်း တုန်လှုပ်ရ၏။
ဆုတ်ယုတ်သောအခါ၌လည်း တုန်လှုပ်ရပြန်သည် မဟုတ်လော။
“ကြောက်လန့်ခြင်း(ဘေး)သည် မိမိအတ္တနှင့် ထပ်တူပြု၏”ဆိုသည်မှာ အဘယ်နည်း။
မိမိအတ္တ ရှိခြင်းကြောင့်
ကြောက်လန့်ခြင်း(ဘေး)သည် ရှိ၏။
မိမိအတ္တ မရှိလျှင်
ကြောက်လန့်ခြင်း(ဘေး)သည် အဘယ်မှာ ရှိအံ့နည်း။
ထို့ကြောင့်
လောကကို မိမိအတ္တကဲ့သို့ ဂရုပြုသူသည်
လောက၏ ဂရုပြုမှုကို ရထိုက်၏။
လောကကို မိမိအတ္တကဲ့သို့ ချစ်မြတ်နိုးသူသည်
လောက၏ ကိုးစားမှုကို ရထိုက်၏။
………………….
道徳経第十三章
…………………