သူ့အပူ

12039208_1197132153635364_8094652938933566165_nအတွေးဟာ ဘာလို့ တောက်လျောက် ရှိနေရသလဲက စရအောင်။ ခင်ဗျားကိုယ် ခင်ဗျား ကြည့်နိုင်ရင်.. အတွေး၊ စိတ်ကူး၊ စိတ်တွေဟာ တစ်ခုပြီး တစ်ခု တရစပ် ရှိနေတယ်။ မရပ်မနား ရှိနေတယ်။ ခင်ဗျား ဆက်ပြီး စောင့်ကြည့်နိုင်မယ် ဆိုရင် သူဟာ ခင်ဗျား မခံမရပ်နိုင်လောက်အောင်လည်း ရှိနေတယ်။ ခင်ဗျား အခြားလုပ်ချင်တာ လုပ်နိုင်တယ်။ သူက မျောက်တစ်ကောင်လို တက်ကြွခုန်ပေါက် နေဆဲပဲ။ ခုန်ပေါက်နေလွန်းလို့ ခင်ဗျား မောတောင် မောဟိုက်နေတယ် မဟုတ်လား။
.
ဒါပေမယ့် ဒီလို ပင်ပန်းလွန်းပြန်တယ် ဆိုရင်းကပဲ ခင်ဗျား သူ့ဆီက ထွက်ပြေးလို့ မရပြန်ဘူး။ သူ့ရဲ့ ဩဇာအောက်မှာ ခင်ဗျား ရုန်းထွက်လို့ မရပြန်ဘူး။ မနေမနား တကုပ်ကုပ် လှုပ်လှုပ်ရွရွ ခင်ဗျား လုပ်နေရဆဲပဲ။ ဒီ့အတွက် တစ်ခါတစ်ရံမှာ (ဒါမှမဟုတ်) အချိန်တော်တော်များများမှာ ခင်ဗျား သူ့ကို ပြန်ချုပ်ကိုင်ဖို့ ကြိုးစားကြည့်သေးတယ်။ ဟုတ်တယ် မဟုတ်လား။
.
ကျမ်းစာတွေထဲမှာ၊ သမထ၊ ဘာဝနာ နည်းအမျိုးမျိုးတွေထဲမှာ၊ ဒါမှမဟုတ်၊ ခင်ဗျား ယုံကြည် ကိုးကွယ်ရာ ဂိုဏ်းဂဏ တစ်ခုခုရဲ့ ညွှန်ကြားမှု အောက်မှာ။ ဒီနည်းနာတွေ အောက်မှာ ခင်ဗျား သူ့ကို ပြန်ခုခံဖို့ ကြိုးစားပေမယ့်လည်း သူ နဲ့ ခင်ဗျားရဲ့ ကြား တိုက်ပွဲက မအေးချမ်းသွားဘူး အပြီးသတ် မရှင်းလင်းသွားဘူး မဟုတ်လား။ ခင်ဗျား ရင်ထဲမှာ တရစပ် ဆူညံနေတုန်း၊ ခုန်ပေါက်နေတုန်းပဲ။ အခု ဒီနေရာမှာ ရှိရင်း မတ်တတ်၊ ခင်ဗျား ဖမ်းဆုပ်လိုက်ရင် နောက်ခဏ နောက်တစ်နေရာဆီ ခုန်ပေါက် ထွက်သွားနေတုန်းပဲ။
.
Read more of this post

Letters from Osho (5)

osho2

နေမင်းအရောင်ရဲ့ နွေးထွေးမှုဟာ ပြာလွင်တဲ့ ကောင်းကင်အောက်မှာ ဖြန့်ကျက်နေရာ ယူနေကြပါပြီ။

နို့ပေမယ့် လေနုအေးဟာ အခုထိ ထုနဲ့ ထည်နဲ့ ရှိတုန်း။ မြက်ခင်းနုလေးတွေရဲ့ အဖျားအနားတွေ ဆီက နှင်းမှုန်ဝတ်စလေးတွေ ကလည်း အေးအေးမြမြ ခိုနွဲ့နေတုန်း ရှိပါသေးရဲ့။ ခင်ဗျား ဂရုထား ကြည့်မိရင် ပန်းဝတ်လွှာလေး တွေ ပေါ်မှာ နှင်းမှုန်စလေးတွေ မြင်ရလိမ့်ဦးမယ်။ ညဟာ အိပ်ပျော်သွားပြီ ဆိုပေမယ့် သူ့ရဲ့ ရင်ငွေ့ကို အခုထိ ပေးထားနိုင်စွမ်း ရှိတာ ခင်ဗျား ခံစားမိပါလိမ့်ဦးမယ်။

အနီးက တွန်ကျူးလိုက်တဲ့ ဥဒေါင်းငှက်ငယ် အသံလေး ကြားရလား။ သူ့ဟန်ပန်ဟာ အဝေးက ဥဒေါင်းငှက်တွေ ဆီ အမေးပုစ္ဆာပြုနေသလိုလို ရှိတယ်။ လေပြေအေး အဝှေ့မှာ သီကြွေးနေတဲ့ ကျေးငှက်တို့ရဲ့ မဆုံးနိုင်တဲ့ သီချင်းသံသာတွေနဲ့ အတူ ရွက်နုရွက်လှတွေ ကလည်း လှုပ်ခတ် ကခုန်နေကြတယ်။ ဒီလိုနဲ့ ဒီမနက်ခင်းဟာ အရာရာကို မှတ်ကျောက်တင်နေကြတယ်။ သင်မြင်ရဲ့လား မိတ်ဆွေ။ နေ့တစ်နေ့ဟာ သူ အရုဏ် တက်လာခဲ့ပြီလို့ ကမ္ဘာမြေကို အံ့ဩဘနန်း ကြွေးကြော်နေတယ် မဟုတ်လား။

Read more of this post

နွံမှ နေ၍

“Meditation” ကို ဘာဝနာ လို့ ပြန်ဆိုတဲ့ အခါ- အဲ့ စကားမှာ အရှုပ်အထွေး ရှိတယ်။ ဝေါဟာရ အနက်ပြန်ရင် – မူရင်း သိုးဆောင်း အလိုမှာ – ဆင်ခြင်တယ်- ခွဲခြမ်းတယ် – စူးစမ်း ပိုင်းဖြတ် တယ် ဆိုတဲ့ အဓိပ္ပါယ်တွေ အကြမ်းဖျဉ်း ပါဝင် တယ်။ အရှေ့တိုင်း အားဖြင့် ဆိုရင်တော့ – သူ့ နောက်ကွယ် မှာ နက်ရှိုင်းတာတွေ ကျန်နေ တယ်။ ဒါ့ကြောင့် အဲ့အတွင်း ပိုင်း အထိ မတိုးဝင်နိုင် ရင် ဘာဝနာ ဆိုတဲ့ စကား အပေါ် အခြေခံ မခိုင်၊ ပေါ့ပျက်နေမှာပဲ။

ဘာဝနာ ရဲ့ အတွင်းဆုံး အောက်ခြေ မှာ “လွတ်မြောက်မှု” မောက္ခ ရှိတယ်။ လွတ်မြောက်မှု လို့ ဆိုတာနဲ့ – ဘယ်က လွတ်မြောက် မလဲ။ ကြောက်ရွံ့မှုက — ဒုက္ခက –ချုပ်နှောင်မှုက – ကျဉ်းကျပ်မှု က – စသဖြင့် လွတ်မြောက်မှု အစီအရီ ခေါ်ဆိုကြမယ်။ ဒီ လွတ်မြောက်မှု ကို အခြေပြုပြီး ဘာဝနာ ဟာ အခိုင်မာဆုံး ရပ်တည် ထားပါတယ်။

Read more of this post

ငါသည် ငြိမ်သက်စွာ စောင့်ဆိုင်းလျက်

ငြိမ်သက် တိတ်ဆိတ် စွာ ထိုင်၍ စိတ်အာရုံ တို့ ၏ ကစားမြူးထူး ချယ်လှယ်သမျှ စေ့စေ့ စောင့်ကြည့် နိုင်ရန် တိုက်တွန်းပါသည်။ ယင်း အခါတိုင်း ၌ တစ်စ တစ်စ ပျော်ဝင် ပျောက်ကွယ် နေသည့် မိမိ သန္တာန် ကိုသာ မြင်တွေ့ရမည် ချည်း ဖြစ်သည်။ အညွှန်းဘောင် အနားသတ် တို့ ပါးလျှ ကုန် သည်။ သိစိတ် သက်သက် ၏ ကြည်လင်နေသော အဖြစ် သာ ထင်လင်း ကျန်ရစ် ခဲ့သည်။ ထိုသို့မျှ မဟုတ်ဘဲ – မိမိ အရေပြား တစ်ထောက် အတွင်း အဘယ် အကြောင်း နှင့် အချုပ်နှောင် ခံနေကြ ရပါသနည်း။ လူသည် ဤ ခန္ဓာကိုယ် တွင်း – တစ်လံမျှ အပိုင်းအခြား တစ်ခုတည်း၌ ရှိနေသည် မဟုတ်ပေ။ ၎င်းထက် ပိုသာ သော အဖြစ် သည် မြင်နိုင်သူ တို့ အတွက် စောင့်ဆိုင်း နေကြသည် ချည်း ဖြစ်သည်။

သင့် ကိုယ်ပိုင် ရတနာ သည် သင့်ကိုယ်တွင်း မှာသာ ရှိပါသည်။ မိမိ၏ ဝင်ရောက် ရှာဖွေ နိုင်စွမ်း ပေါ်တွင်သာ မူတည် သည်။ တစ်နည်း — ယင်း ဝင်ရောက် ရှာဖွေ နိုင် သမှု ကို “ဘာဝနာ” ဟု ဆိုရပါလျှင်၊ ဘာဝနာ အားဖြင့်သာ မိမိတို့ ရတနာဆီ ဆိုက်ရောက် နိုင်သည်။ ဘာဝနာ အားဖြင့်သာ အချိန်ကာလ ၏ အညွှန်းဘောင်ကို နောက်တွင် စိတ်ချလက်ချ ချန်ထား ခဲ့နိုင်သည်။

ဘာဝနာ မရှိ ခဲ့ပါလျှင် သင်သည် အချိန်ကာလ ၏ တစ်စိတ် တစ်ပိုင်းမျှ ထက် ဘာမှ မပိုပေ။ အချိန်ကာလ အတွင်း ဝင်ရောက် နေသည့် သင်၏ အဖြစ် သည် အဘယ်မှာ အဆုံးသတ် ပါမည်နည်း။ စင်စစ် – သေခြင်းတရား ၌ သာ အဆုံး ကမ္ပတ် တည်ရှိ၏။ သေခြင်းတရား သည် သင် နှင့် ကျွန်ုပ်တို့ ကြိုးစား ပမ်းစား ဆောက်လုပ် ခဲ့ကြသည့် အရာရာတိုင်းကို သဲအိမ်များ သဖွယ် အလွယ် တကူ တိုက်စား သွားလိမ့်မည်။ Read more of this post

Sufi Whirling

ဆူဖီ တွေ အကြောင်း “အချက်အလက် တွေ အားဖြင့်” သိပ် မသိပေမယ့် – တစ်စိတ်တစ်ပိုင်း သိမိ သလောက် အတွင်းမှာ တင် ချစ်စဖွယ် ကောင်း တဲ့ ဆူဖီဆရာ တစ်ယောက် ရှိပါတယ်။ ဆူဖီ mystics ဆရာများ အကြား၊ (ဝါ) မှတ်သားမိ သမျှ ဆူဖီ သမိုင်း ကြား မှာ သူ ဟာ ကြီးမြတ် တဲ့ နေရာ မှာ အထင်အရှား ရှိပါ တယ်။ သူရဲ့ အမည် က Jalaluddin Rumi ပါပဲ။ Mevlana Jalaluddin Rumi လို့လည်း ခေါ်ပါတယ်။ ဘာမှ ကွဲပြားမနေပါဘူး ။ (မက်ဗ်လာနာ) ဆိုတာ – မြတ်နိုး ဖွယ် ကောင်းတဲ့ ဆရာသခင် ဆိုတဲ့ ဂုဏ်ပုဒ် သက်သက်။ သူ့ကို ချစ်တဲ့ စိတ်နဲ့ အများစု က အမြတ် တနိုး တပ်ခေါ် တာ ဖြစ်ပါတယ်။

ကျနော် လေးလေး နက်နက် ချစ်မြတ်နိုးသူ များများစားစား မရှိဘူး။ အနည်းငယ် လောက်ပဲ ရှိပါ တယ်။ အဲ့ အနည်းငယ် အတွင်းမှာ ရူမီ ပါဝင် တယ်။ ကျနော် သူ့ကို ချစ်ရတဲ့ တစ်ခုတည်း သော အကြောင်း က – သူဟာ – လက်ရှိ အဖြစ်၊ ယခု ရှင်သန် နေတဲ့ ဘဝ ကို မငြင်းပယ် တဲ့ သူ၊ ဘဝကို မရှုံ့ချ တဲ့သူ၊ ဘဝ ရှင်သန်မှု ကို အခိုင်အမာ ပြုတဲ့သူ မို့လို့ပဲ ဖြစ်ပါတယ်။ ရူမီ ရှာဖွေ တွေ့ရှိ ခဲ့တဲ့ ဘာဝနာ ပုံစံ ရှိတယ်။ အဲ့ဒါကလည်း အခြားသူတွေ နဲ့ မတူ ထူးခြားတယ်။ ဒီနောက်ပိုင်း နှစ် – Mystics ဆရာ တွေ အကြားမှာ – ကခုန်မှု ဘာဝနာ ကို သူ ထည့်သွင်း ထားနိုင်ခဲ့တယ်။ ဝဲပျံ ရင်း၊ မိမိကိုယ်ကိုယ် ပတ်လှည့် ကခုန် တဲ့ အက မို့ – Whirling Dance , Whirling Meditation လို့ ခေါ်ပါ တယ်။ သူ့ နောက်လိုက် ဆူဖီ ဆရာတွေ ကိုလည်း Whirling Sufis တွေ လို့ တွဲ ခေါ် တယ်။

အဲ့ဒီ အက နဲ့ ပတ်သက်လို့ နည်းနည်း ပြောချင်ပါတယ်။ ခင်ဗျား လည်း မြင်ဖူးမယ် – ကလေး ငယ်ငယ် လေးတွေဟာ သူတို့ ခန္ဓာကိုယ်ကို သူတို့ လှည့်ပတ် ကရတာ ကြိုက်တယ်။ အဲ့လို ကနေ ရရင် – ပြုံးရွှင်နေ၊ ပျော်ရွှင်နေ တတ်တယ်။ ကလေး ဖြစ်သူ က အဲ့လို လှည့်ပတ် ကနေတာ မြင်ရင် – မြင်သူ ကျနော်တို့ က – ဒီကလေး မူးဝေမှာ၊ လဲမှာ၊ ထိခိုက်မှာ – စသဖြင့် စိုးရိမ်တဲ့ အကြောင်း အမျိုး မျိုး ကြောင့်နဲ့ တားဆီး တတ် တယ်။ ဒါပေမယ့် ဘယ်လိုပဲ တားလေ့ ဆီးလေ့ ရှိတဲ့ တိုင် ကလေး တွေဟာ အဲ့လို လှည့်ပတ် ကရတာကို ကြိုက် တယ်။ ကျနော် လည်း ကြိုက်ခဲ့ တယ်။ ခင်ဗျားလည်း အမှတ်သတိ သာ ရမယ် ဆိုရင် ကြိုက်နှစ်သက်ခဲ့ကြောင်း မှတ်မိနိုင်မယ် ထင်ပါ တယ်။ ဒါပေမယ့် ကြီးပြင်း လာတဲ့ နောက်ပိုင်း – ကျနော်တို့ လူကြီး အများက — သူတို့တွေ ဘာလို့ ကြိုက်သလဲ လို့ ဘယ်နှစ်ခါ များ စူးစမ်း မိကြ သလဲ။ Read more of this post

စောင့်ကြည့်ရုံမျှ

Watching is meditation. What you watch is irrelevant.

စောင့်ကြည့် နေရုံမျှ လေး အဖြစ် ဟာ ဘာဝနာ ပါ။ ဘယ်အရာကို စောင့်ကြည့် နေတာလဲ ဆိုတာက ပဓာန မကျဘူးရယ်။ ခင်ဗျား သစ်ပင်တွေ ကို ငေးနေ နိုင်တယ်။ မြစ် ကမ်းနံဘေး မှာ ရှိမယ် – တိမ်တွေ ကို မော့ကြည့် ကောင်း ကြည့်မယ်။ ခလေးတွေ ဘာသာ ဘာဝ ဆော့ ကစား နေတာ ကို မြင်မယ်။ တေး သီချင်း နားထောင် နေမယ်။ အလုပ်ခွင် ထဲ ရောက်မယ်။ စသဖြင့် – ခင်ဗျား ဘယ် အရာ ကို လုပ်နေ ပါစေ – မိမိ သန္တာန် ရဲ့ အဖြစ် ကို တစ်ရံမလပ် အောင် စောင့်ကြည့်နေ ရုံမျှ လေး သက်သက်ဟာ ဘာဝနာ ဖြစ် ပါတယ်။ ဒါ့ကြောင့် ဘယ် အရာ ကို စောင့်ကြည့်နေ သလဲ ဆိုတာ ပဓာန မကျ ဘူး လို့ ပြောပါတယ်။

မိမိ သန္တာန် ဖြစ်ပေါ် သမျှ သိနေမလား –

အဲ့ဒီ သိနေရုံမျှ – နိုးကြားနေရုံမျှ ဟာ ဘာဝနာ အတွက် ပြည့်စုံတယ်။

အသိ သတိ နဲ့ ဘာလုပ်လုပ် ဘာဝနာ အဖြစ် ရှိနေပြီး၊ ဘယ်အရာကို လုပ်တယ် ဆိုတာက အဓိက နေရာ ဝင်ပါ မနေဘူး ပဲ။ လမ်းလျောက် ရင် လည်း လမ်းလျောက် တဲ့ အလျောက် အသိ သတိနဲ့ ရှိပါ။ ဒါဆို ရင် – လမ်းလျောက်ခြင်း အမှု ဟာလည်း ဘာဝနာ ဖြစ် ပါတယ်။ ထိုင် ရင်လည်း ထိုင်တဲ့ အလျောက် အသိ သတိ ရှိပါ။ ဒါဆို ရင် – ထိုင်တဲ့ အမှု သက်သက် ဟာလည်း ဘာဝနာ ဖြစ်ပါတယ်။ အဓိက ပင်မ- အသိ သတိ မပြတ် ရှိနေ ဖို့လေးပဲ။

Read more of this post

~ ဖြစ်လျှင် ဖြစ်ကာမျှ၌ ~

ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဆိုတဲ့ အမည် နဲ့ ရွှေဥဒေါင်းရဲ့ စာအုပ် ကို ငယ်စဉ်က ဖတ်ရဖူးတယ်။ အဲ့တုန်းက အဲ့ဒီ ကျမ်းကို အတော်အတန် သဘော ကျခဲ့သလို၊ လက်တွေ့လည်း လိုက်လုပ် ကြည့် ခဲ့ ဖူးတယ်။ ဘဝင်ကျတာ လည်း ရှိသလို၊ မကျတာလည်း ရှိတယ်။ နောက်ပိုင်း အဲ့ဒီ နည်းနာ ကို ထားရစ်ပြီး – နေထိုင်မိသရွေ့အများဆုံးဟာ မိမိ စိတ်ကိုသာ ခဏမလပ် စောင့်ကြည့်နေတဲ့ အကျင့် တစ်ခုတည်းပဲ။ ကျမ်းစာ တို့အရ ဒါကို စိတ္တာနုပဿနာ လို့ ခေါ်ဆိုမယ် ထင်ပါတယ်။

အထူး သဖြင့် မဟာစည် ဆရာတော် ကျမ်းစာ များ ဖတ်ရှုရင်း – နေထိုင်ကြည့် လာတဲ့ အခါ – ဒီနောက် နှစ်များ အတွင်း ကျနော် အနှစ်သက်ဆုံး ဝိပဿနာ နည်းနာ ပုံစံ ဟာ စိတ္တာနုပဿနာ အဝင်အပါ ဖြစ်တဲ့ ဒီ နည်းနာ သာ ဖြစ်လာပြန် တယ်။ သာမာန် ရိုးရိုးအားဖြင့် စိတ်ကို စိတ်အတိုင်း လိုက်ကြည့်နေ တဲ့ အဖြစ်ဟာ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဒီနည်းနာလောက် အနုမစိတ် ဘူး။ သာသာလေး ပဲ လို့ ပြောရမယ် ထင်တယ်။ ဒါပေတဲ့ သတိ စိတ်ပါ များရင် – စိတ္တာနုပဿနာ ဖြစ်စေ၊ အခြား သတိပဌာန် အဘယ်နည်း ဖြစ်ပါစေ – ဒီနည်း ကိုသာ ဆိုက်ရောက် တယ်လို့ ဆိုရမှာပဲ။

ပိဋကတ်၊ ပါဠိ စသည် မကျွမ်းကျင်မှုကြောင့် အခြား ဘယ်နေရာ မှာ ထပ်မံ ညွှန်ပြထားမှု ရှိမရှိ ကျနော် မသိဘူး။ အကြမ်းအားဖြင့်- ဒီ- ဒိဋ္ဌေ ဒိဋ္ဌမတ္တံ နည်း ကို ဂေါတမမြတ်စွာ – ဒေသနာ နှစ်ခု မှာ ဟောထားတယ် လို့ မှတ်သား မိပါတယ်။ တစ်ခုက မာလုကျ ပုတ္တ သုတ် ဖြစ် ပြီး၊ တစ်ခုက ဗာဟိယသုတ် ဖြစ်တယ်။ အခု ဒီ ဗာဟိယသုတ် ရဲ့ အကျဉ်းလောက်ကို မဟာစည်ဆရာတော် ဘုရားရဲ့ နိဗ္ဗာန ပဋိ သံယုတ္တ ကထာ တတိယပိုင်း က ကောက်နုတ် ယူပါတယ်။

ဇာတ်သွား၊ ဇာတ်လမ်း ကို အရှည်ရေးဖို့ မလိုအပ်တဲ့ အတွက် ထားရစ် ခဲ့တယ်။ လိုရင်းက – ဗာဟိယ အမည်ရှိတဲ့ ပုဂ္ဂိုလ် ဟာ တရားနာဖို့ -မြတ်စွာ ဘုရား ရှိရာ ခရီးပြင်းနှင်လာတယ်။ တွေ့တွေ့ချင်း – ဘုရား ဆွမ်းခံကြွနေရာ ခရီးတစ်ဝက်မှာတင် တရား တောင်းတယ်။ ကျမ်းစာ တို့ အရ – မြတ်စွာဘုရားဟာ ဗာဟိယ သုံးကြိမ် သုံးခါ လျောက်ထားပြီးမှ ဒီတရားကို ဟောတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟော မယ့် ဟောတော့ လည်း- ဝိပဿနာ – ဒီနည်းနာ ကိုသာ တိုက်ရိုက် ဟောထားတာ ဖြစ်ပါတယ်။

ဇေယျ
……………………

မဟာစည် ဆရာတော် – နိဗ္ဗာနပဋိသံယုတ္တကထာ

တသ္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီ” တိ၊ ဧဝဥှိတေ ဗာဟိယ သိက္ခိတဗ္ဗံ။

ဗာဟိယ၊ ဗာဟိယ။ တသ္မာ၊ ထိုသို့ တရားဟောရန် တောင်းပန်သောကြောင့်။ ဣဟ၊ ငါဘုရား၏ အဆုံးအမ ဤသာသနာ၌။ တေ၊ သင်သည်။ ဧဝံ သိက္ခိတဗ္ဗံ၊ ဤဆိုလတ္တံ့အတိုင်း ကျင့်ရမည်။ ဒိဋ္ဌေ၊ မြင်သည်၌။ ဒိဋ္ဌမတ္တံ၊ မြင်ရုံမျှသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သုတေ သုတမတ္တံ ဘဝိဿတိ၊ ကြားသည်၌ ကြားရုံမျှ ဖြစ်လတ္တံ့။ မုတေ မုတမတ္တံ ဘဝိဿတိ၊ နံသိ စားသိ ထိသိ လျက် ရောက်သည် ၌ ရောက်ရုံ မျှ ဖြစ်လတ္တံ့။ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီ တိ၊ ကြံသိသည်၌ ကြံသိရုံမျှ ဖြစ်လတ္တံ့ ဟူ၍။ ဧဝဥှိ၊ ဤသို့လျှင်။ တေ၊ သင်သည်။ သိက္ခိတဗ္ဗံ၊ ကျင့်ရမည်။

ဒါဟာ ဗာဟိယကို မြတ်စွာဘုရားက အကျဉ်းချုပ် ဟောတဲ့ ဝိပဿနာ တရား ဖြစ်ပါတယ်။ Read more of this post

ကိုယ်တွင်း က ရန်သူများ

အခြား ပြင်ပ ဘယ်အရာ နှင့်မှ ယှဉ်ပြိုင်တိုက်ခိုက် နေရန် မလိုအပ်ပေ။ ၎င်း သည် မိမိ စွမ်းအားကို အချည်းနှီး ဖြုန်းတီး ပစ်ခြင်း သာ ဖြစ် သည်။ မိမိ၏ ရင်တွင်း ကို ပြန် လျိုး ဝင်ကြည့်ရန် တစ်ခုတည်း သာ – လိုပါသည်။ မိမိ အတွင်း သန္တာန် ၌ တိုက်ခိုက် ယှဉ် ဖက် ရန် အရာ အများအပြား ရှိနေသည်ကို မမေ့ အပ်။

ဆိုစို့ – မိမိ ၏ အတ္တ၊ မာန၊ လောဘ၊ အလိုဆန္ဒ၊ သိမ်းပိုက်လို စိတ် အာသာ ရမ္မက်၊ မသိမှု ၊ ဒေါသ၊ မစ္ဆရိယ စသည်- စသည်။ ထိုသို့ အများ အပြား ရင်တွင်း ခိုဝင် ကိန်းအောင်း နေပါ လျက် နှင့် – အပြင်ပ ရန်သူ ကိုသာ ရှာဖွေ – တိုက်ခိုက် ရန် တာစူ နေခြင်း သည် မိုက်ရူးရဲခြင်း သာ ဖြစ်နေပေ လိမ့်မည်။ အကျိုးမဲ့ သာ ဖြစ်လိမ့်မည်။ စစ်မှန် သော ၊ မိမိ ရင်တွင်း ၌သာ ဖြစ်သော – ထို ရန်သူ တို့ကို အနိုင်တိုက် နိုင်ရန် သည် သာ ရည်ရွယ်ချက် ဖြစ်သင့်သည်။ တိုက်ခိုက်ရန် နည်းနာ၊ (ဝါ) လက်နက် မှာ လည်း ဘာဝနာ သာ လျှင် ဖြစ်ပါသည်။

ဘာဝနာ သည် – မိမိ သန္တာန် အတွင်း သို့ မျက်ခြေ မပြတ် စောင့်ကြည့်နေ ရုံမျှ ဖြစ်သည်။ အသိနှင့် သတိ ရှိနေရုံမျှ တည်နေကြည့် ရုံမျှ လည်း ဖြစ်သည်။ ထိုထိုသော ရင်တွင်း ရန်သူ အများစု သည် ယင်းသို့ စောင့်ကြည့် ခံရရုံမျှဖြင့် အလျို အလျို ပျောက်ကွယ် ထွက်ပြေး သွားကြ ၏။ ဆိုပါစို့ – သင် ဒေါသ ပွားနေ မိချိန် မျိုး။ ထိုအခါ မျိုး တွင် – သတိ မလွတ် – စောင့်ကြည့်နေ ကြည့်ပါ။ ယင်း ဒေါသ စိတ် သည် – ရုတ်ခြည်း ပျောက်ကွယ် သွားကြောင်း တွေ့ရပါလိမ့်မည်။

Read more of this post

မမြင်မချင်း လည်နေရသည် ဖြစ်၍

A: ဒီ စက်ဝိုင်း ထဲမှာပဲ ထပ်ခါ ထပ်ခါ လည်ပတ် ရှင်သန် နေရတယ် ၊ တစ်ခဏပြီး တစ်ခဏ ၊ တစ် ဘဝပြီး တစ်ဘဝ လှည့်ပတ်နေရတယ် လို့ ဆို ပါတယ်- အဲ့ဒါ ဘာကြောင့် လဲ။

B: ရိုးရှင်း တဲ့ အချက် က – ခင်ဗျား တကယ် ရှင်သန် မနေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ – ထပ်ကျော့ ဖြစ် ဖြစ် နေ ရတယ်။ အစစ်အမှန် ရှင်သန် နေထိုင်နေပြီ ဆို ရင်တော့ – ထပ်ကျော့ ဖြစ်နေ စရာ မလို ဘူး ရယ်။ ခင်ဗျား ချစ်ဖူးမယ်- အချစ်အကြောင်းကို သိမယ် – ကြည့်ကြည့် ပါ – အဲ့ အချစ်ဟာ ထပ်ကျော့နေစရာ မလိုနေ ဘူး – အဲ့ဒီ ချစ်တဲ့ နေရာ မှာ တင် ပြီးဆုံး ပါတယ်။ ကိစ္စရပ် တစ်ခုကို ရှင်းရှင်း လင်းလင်း မသိရင်/ အပြည့်အဝ နားမလည်သေးရင် – ခင်ဗျား ထပ်ကျော့ ဖြစ်နေ မှာပဲ။

အမှား တစ်ခု ကို လုပ်မိမယ် — အဲ့ဒါကို မှားမှန်း မသိဘူး ဆိုပါစို့- ခင်ဗျား ထပ်မှားနေမှာပဲ ။ ဒါကိုမှ – ခင်ဗျား အမှား ကို ခင်ဗျား ရင်တွင်း အပြည့်အဝ (လုံးဝ) သိမြင်ပြီးပြီ ဆိုရင်တော့ – ခင်ဗျား သန္တာန် မှာ အဲ့အမှား ထပ်ဖြစ်စရာ မရှိတော့ဘူးပဲ။

ဒါ့ကြောင့် — မသိသေးတဲ့ အဖြစ်၊ မရှင်သန် နိုင်သေးတဲ့ အဖြစ် ကြောင့်သာ – ခင်ဗျား ခဏ ခဏ သေနေ ရတာ ဖြစ်ပါတယ်။ တစ်နေရာပြီး တစ်နေရာ သွားနေ ရတာ ဖြစ်ပါ တယ်။ – ဒီစက်ဝိုင်း အတွင်း တွယ်ငြိနေ ရတာ ဖြစ်တယ်။

ပုံမှန် ဒုံးရိုး အတိုင်းပဲ ဆိုပါစို့။ – ခင်ဗျားမှာ ဆန္ဒတွေ ရှိတယ်။ ခင်ဗျား ရှေ့မှာ ပန်းတိုင် မှန်းထားတာ ရှိတယ်။ အနာဂတ် အချိန် ကို မျှော်ကြည့် တယ်။ ကျိန်းသေတာက – ခင်ဗျား အခုအချိန် တည့်တည့် မှာ မရှိဘူး။ “အခု” ကို မချစ်နိုင်ဘူး — ရှေ့လာမယ့် အချိန် မှာ ပြည့်ဝ နေဖို့၊ လိုချင်နေတာ ရှိနေသေး တယ်။ မျှော်လင့်တယ်။

စင်စစ် မိမိ သေဆုံးသွားမှ၊ ဒီခန္ဓာကိုယ် ပြတ်စဲ သွားမှ- နောက်ဘဝ မဟုတ်ဘူး။ “အခုခဏ” ရဲ့ အပြင် ဘက် – အခြား “ခဏ” ကို မျှော်ကြည့် တဲ့ အဖြစ် ကိုယ်၌က — ခင်ဗျား အခြား ဘဝ၊ အခြား တခဏ ကို တမ်းတတာ ဖြစ်ပါတယ်။ Read more of this post