Osho ~ Christ Keizer : Interview ( 1 )

8 October 1985 pm in Sanai Grove
Interview with Christ Keizer, The Boston Globe, Boston, MA

Q: ဟိုဘက်နံရံမှာ ချိတ်ထားတဲ့ ရှင့်ရဲ့ စာကြောင်း တစ်ချို့ကို ကျမ ကြည့်မိတယ်။ တစ်ခုမှာ ပြောထားတာက — “လူရဲ့ နှလုံးသားဟာ လောကမှာ အန္တရာယ် အကြီးဆုံး အရာ ဖြစ်ပါတယ်” တဲ့။ ဟုတ်တယ်ဟုတ်။

A: ဟုတ်ပါတယ်။

Q: ဘာဖြစ်လို့ပါလဲ။

A: ခင်ဗျား နှလုံးကို ခင်ဗျား နားထောင်ကြည့်ကြည့်ပါ။ ဘယ်လောက် နှလုံးခုန်နေသလဲ။ —

စင်စစ် ဆရာသခင်တိုင်းဟာ အန္တရာယ် ကြီးမားကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဆရာသခင် တစ်ပါးရဲ့ အနားကို ချဉ်းကပ် ရောက်လာရင် ခင်ဗျားရဲ့ အတ္တဟာ ကျဉ်းကျုံ့လာတယ်။ ပျောက်လုမတတ် ဖြစ်သွားရမယ်။ အဲ့ဒီ အတ္တကို ဖယ်ဖျက်ခြင်း ဟာ ကမ္ဘာပေါ်မှာ အခက်အခဲဆုံး အရာ ဖြစ်ပါတယ်။

Q: လူသားရဲ့ နှလုံးသား အတွက် အန္တရာယ် ဆိုတာ ဘာလဲ။

A: အန္တရာယ်ဆိုတာ အတ္တအတွက်ကို ဆိုလိုပါတယ်။ အတ္တကြောင့် အရာအားလုံး အရုပ်ဆိုး သွားတယ်။ ဒါပေမယ့် အခု လူ့အဖွဲ့အစည်း၊ ပညာရေး၊ ဘာသာရေး အားလုံး နီးပါး ဟာ ရည်ရွယ်ချက် ရည်မှန်းချက်တွေ ခင်ဗျား ရင်ထဲကို ထည့်သွင်းပေးနေတယ်။ အဲ့ဒီ စိတ်ဇော အဟုန်တွေနဲ့ ခင်ဗျားရဲ့ အတ္တဟာ အာဟာရ ပြည့်လာတယ်။ အားပြည့် ကြီးထွားလာတယ်။

ဆရာသခင် လုပ်ရမယ့် အလုပ်က အဲ့ဒီ အဖွဲ့အစည်း၊ ဘာသာရေး၊ ယဉ်ကျေးမှု တွေက သင်ကြားသမျှ ခင်ဗျားဆီက ဖျက်ချပစ်ဖို့ ပဲ ~ ခင်ဗျား ကို လုံးဝ ရပ်တန့် ပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကို- ဘယ်သူက အဖျက်ခံနိုင်သလဲ။ ဘယ်သူမှ အသိဥာဏ် ပျောက်ဆုံး မသွားချင်ဘူး၊ မရပ်တန့် သွား လိုဘူး မဟုတ်လား။ မိမိ ကိုယ်ကိုယ် ထင်မြင်ထားတဲ့ ဘဝင် ကို ဖျက်မချနိုင်ဘူး။ မိမိကိုယ်ကိုယ် ရိုသေ ခံယူထားတဲ့စိတ် မဖြေဖျောက် နိုင်ဘူးရယ်။

Q: ဒါဆို ဘယ်သူ့အတွက် အန္တရာယ် ရှိနေတာလဲ။

A: အတ္တအတွက် အန္တရာယ် ရှိနေတာ ဖြစ်ပါတယ်။

Q: ရှင့်အနေနဲ့ လောကမှာ အန္တရာယ် အကြီးဆုံးဟာ ဒါပါလို့ ပြောတယ်။ ဟုတ်ပြီ။ ဒါဆို ရှင်ဆိုလိုတာက လူ့အဖွဲ့အစည်း နဲ့ အခြား အရာတွေကလည်း အန္တရာယ် ဖြစ်နေတယ် လို့ ဆိုလိုတာလား။

A: ဟုတ်ပါတယ်။ အားလုံး လိုက်လံ ပြောင်းလဲနိုင်ရပါလိမ့်မယ်။ အခု အတိုင်း ရှိနေသမျှ ဟာ ~ အားနည်းလွန်းတယ်။ ရူးသွပ်လွန်းနေပါတယ်။

Q: ကျမ ကြားသိရသလောက် ~ ရှင်ဟာ ဘယ် အစဉ်အလာ လမ်းကြောင်းနောက်ကို မှ မလိုက်နာဘူး။ ဘယ်အစဉ်အလာရဲ့ လက်အောက်မှာမှ ရှိမနေဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် ကျမ မျက်မြင်မှာ ~ ရှင် လုပ်နေသမျှဟာ အစဉ်အလာတွေ အပေါ်မှာချည်း ဖြစ်နေတာ တော်တော်များနေတယ် ( ထင်ပါတယ် ) အဲ့ဒါကို ဘယ်လို ရှင်းပြနိုင်မလဲ။

A: ကျနော် ဘယ်အစဉ်အလာ ကိုမှ မလိုက်နာပါဘူး။ အစဉ်အလာ နောက်ကို လိုက်လံ နေမယ့် လူဟာလည်း ဘယ်လိုမှ သစ္စာ (အမှန်) ကို မရောက်၊ မသိနိုင်ဘူး။ ဘာလို့ဆို အစဉ်အလာ၊ ဓလေ့ထုံးစံ အားလုံးဟာ အသေသား ( Dead ) တွေ ဖြစ်ပါတယ်။ ဒါကို ခင်ဗျား အခု မြင်နေရတဲ့ အရာတွေနဲ့ သွားမရောထွေး ပါနဲ့။ ရှင်သန်နေတဲ့ အစဉ်အလာ ဆိုတာ မရှိဘူး။ အစဉ်အလာ ဓလေ့ ဆိုတာရဲ့ အဓိပ္ပာယ်ကိုက သေဆုံးပြီးသား လို့ အဓိပ္ပာယ် ရပါတယ်။ ဒါပေမယ့် သူတို့ဟာ ယခင် တစ်ချိန်က ကောင်းကောင်း ရှင်သန်ခဲ့တဲ့ အရာတွေ ဖြစ်တယ်။

Q: ဒါဆို ဘာဝနာ အသိတွေ ထုံကူး လက်ဆင့်ကမ်းတဲ့ အခါ ~ ဆရာသခင်နဲ့ တပည့် ဖြစ်သူတွေဟာ မျိုးဆက် တစ်ဆက်ကနေ နောက်မျိုးဆက် တစ်ဆက်ကို အစဉ်အဆက် ကြိုးပမ်း ကြရတယ်။ ဟုတ်တယ် ~ မဟုတ်လား။ အခု ဒီမှာ ရှိနေတဲ့ ရှင့်တပည့်တွေ လိုမျိုးပေါ့။ တစ်ဦး သိမြင်တဲ့ ဥာဏ် အလင်းကို တစ်ဦးကို လက်ဆင့်ကမ်း ပေးကြရမယ် ဟုတ်တယ်ဟုတ် ။ သိမြင်ထားတဲ့ အသိဥာဏ် အလင်း ကို ရပ်တန့် ကင်းပြတ် မသွားစေဖို့ ~ နောင်မျိုးဆက်သစ် တွေ အပေါ် ဆင့်ကမ်း ပေးသွားရမယ်။ ဟုတ်တယ် ~ မဟုတ်လား။

Read more of this post

သုခမြေ

အဲ့နေ့က ကောင်းကင် တစ်ခုလုံး ဘာတိမ်မှ မရှိဘူး။ လေလည်း တိုက်မနေဘူး -။ အဲ့တော့ စူးရှရှ နေရောင်တွေချည်း အစွမ်းကုန် တောက်နေတော့တယ်။ ဒီနေရောင် သွန်းလောင်းကျ ပြီး စူးရှနေပုံက ရက်စက်တဲ့ သရုပ် အပြည့်ရှိတယ်။ မနေမနား ပူပြင်း လွန်းလို့ အပူငွေ့တွေ တလှိုင်လှိုင်ထ နေတယ်။ ပုံရိပ်တွေ က မှုန်ဝါးရီဝေ နေကြ တယ်။ ဒီလမ်း ပေါ်မှာ ကျုပ် တစ်ယောက်တည်း။

ကျုပ် ဝဲယာ ဟိုသည်ဘက် တွေ အကုန်လုံးက လယ်ကွင်းတွေချည်းပဲ။ သူတို့တွေက ဟိုးမိုးကုပ် စက်ဝိုင်း အောက်စွန်း အထိ တပြန့်တပြော ရှိတယ်။ စိမ်းညို့ နေရမယ့် မြေဇာမြက်တွေတော့ တစ်ပင် တစ်လေမှ ခင်ဗျား တွေ့ရမယ် မထင်ပါလေနဲ့ ။ လွတ်လပ်တဲ့ လေကို ရှုရှိုက် ဖူးပွင့်နေမယ့် ပန်းတစ်ပွင့်မှ မရှိဘူး ။ ဒီလို နှလုံးတစ်ခု လုံး ကွဲအက် ဖုန်ထနေတဲ့ တိုင်းပြည်မှာ ဘယ်ပန်း ကရော ပွင့်နေမှာလဲ – ကျုပ်အတွက်တော့ မဆန်းလှဘူးရယ်။ အရာအားလုံးက ဟိုနေရာမှာ ၊ ဒီနေရာမှာ – စသဖြင့်- ကိုယ့်ဒုက္ခ ဥခွံလေးထဲ ကိုယ့်ဘာသာ ဝင်ခိုနေကြတယ်။

တကယ်က – ခေတ် အဆက်ဆက် တိုက်စားခဲ့တဲ့ ဒဏ်ရာတွေ ရှိတယ်။ ပြောမပြနိုင်တဲ့ တပ်မက်စိတ် တွေ ရှိတယ်။ အဲ့လိုနဲ့ အားလုံး မျက်ရည်နဲ့ မျက်ခွက်။ ငိုကြွေးပြီးရင်း ငိုကြွေးရင်း သစ်ညိုပင် တွေလည်း အမြစ်ပြတ်၊ ပျက်ပြုန်း သွားတယ်။ ဒီကမ္ဘာမြေ တစ်ခုတည်း အကာအကွယ်မဲ့ တုံးလုံး ကျန်ရစ်ခဲ့တယ်။ အရင်ကဆို ဒီနေရောင် လောက် မျိုးက ဘယ်မှုလိမ့်မလဲ။ စိမ်းမြမြ အရိပ်တွေနဲ့ ထီးရိပ် လို ခို၊၊ မလိုတမာ ပြုံးပြီးသာ နေလိုက်တော့မှာ။

Read more of this post

ပေါလ်အဲဒစ်ရှ်

ကျောင်းတက် ခဲ့တာက ရူပဗေဒ ဆိုပေမယ့် ဝါသနာ ပါတာက သူနဲ့ နှီးနွယ်နေတဲ့ သချာင်္ သက်သက်ရယ်။

Paul Erdos

သချာင်္တစ်ခုတည်း ဆိုတဲ့အတိုင်း ကျောင်းတက်တော့ အရူးအမူး အားသန်တာ အဲ့ဒီ သချာင်္သက်သက်။ အွန်လိုင်းမျက်နှာစာပေါ် ရောက်တော့လည်း သင်္ချာတွေသာ အဖတ်များတယ်။ သင်္ချာအကြောင်း တော်တော် များများ ( အထူးသဖြင့် သီဝရီပိုင်း၊ အီကေးရှင်း ပိုင်းတွေကို ) ဘလော့ပေါ် တင်ရေးမယ် ဆိုပြန်တော့ တင်လို့ မရတဲ့ အခက်အခဲရှိပါတယ်။ သင်္ချာဖောင့် အခက်အခဲတွေပါ ။ ကိုယ်လဲ ကွန်ပျူတာ ဆိုတာ နကန်းတလုံး မသိလို့ ဖြစ်ပါလိမ့်မယ်။ ပရိုဂရမ်းမင်း ဆိုလား ဂျာဗား ဆိုလား ကုတ်ဒင်ဆိုလား မသိလဲမသိ၊ ရေးလည်း မရေးတတ်တော့ – မတင်တတ်တာနဲ့ မတင်ဖြစ်ခဲ့တာ ကြာပြီ။ စိတ်ကူးက ရှိနေဆဲပဲ။

အခုနောက်ပိုင်းတော့ အလျဉ်းသင့် ရင် သင့်သလို သင်္ချာ၊ ရူပဗေဒ ဆိုင်ရာလေး နည်းနည်းပါးပါး ( မတောက်တခေါက် ) ရေးကြည့်ပါမယ် ။ ပညာရပ်ဆိုင်ရာ ..အဲ..အဲ့လိုပြောရင် နဲနဲ ဂန်ကျယ်တယ်။ ဘာသာရပ်ဆိုင်ရာ Terms လေးများ ပါခဲ့ရင် သည်းခံ ကြစေချင်တယ်။ အောက်မှာ ဖော်ပြထားတဲ့ သင်္ချာပညာရှင် ပေါလ်အဲဒစ်ရှ် အတ္ထုပ္ပတ္တိဟာ ဒီစိတ်ကူးအတွက် စဦး မိတ်ဆက်သဘော သက်သက်ပါ။

…………………….
Paul Erdos တဲ့။ ပေါလ်အဲဒစ်ရှ် ( Paul Air-dish ) လို့ အသံထွက်တယ်။ ဂျူးလူမျိုး ၊ ဟန်ဂေရီယန် နိုင်ငံသား ၊ သင်္ချာပညာရှင်။ ရှိခဲ့သမျှ သင်္ချာပညာရှင် တော်တော်များများ ထက် သချာင်္ပုစ္ဆာအများစုကို တွေးခေါ် တွက်ချက်ခဲ့သူ လို့ အဆိုရှိတယ်။ အခြား သင်္ချာပညာရှင်တွေနဲ့ မတူတာက သင်္ချာ သီဝရီ အသစ်တွေ ကြံဆ ဖော်ထုတ်တာတွေ မရှိဘူး။ နည်းတယ်။ သင်္ချာပုစ္ဆာ ပြဿနာတွေ ဖြေရှင်းဖို့နဲ့ အဲ့ပုစ္ဆာပြဿနာတွေ ဖော်ထုတ်ဖို့ တင်ပြဖို့ လုပ်ခဲ့တာ များပါတယ်။ အိမ်ထောင်မရှိ၊ ကလေးမရှိ။ အခြားအသက် မွေးဝမ်းကျောင်း မရှိ။ အခြား ဘယ်ဟာမှ ဝါသနာ မပါတဲ့သူ။ ဘဝတစ်လျောက်လုံး သင်္ချာနဲ့သာ ပျော်မွေ့ခဲ့တဲ့သူ လို့ ပြောပါတယ်။

အဲဒစ်ရှ်ကို ၁၉၁၃ ၊ မတ်လ ၂၆ ရက်နေ့က ဟန်ဂေရီနိုင်ငံ၊ ဘော်ဒါပက် မြို့ မှာ မွေးတယ်။ သူ့မိဘ နှစ်ပါးစလုံးက အထက်တန်းကျောင်း သင်္ချာဘာသာရပ် စာပြ ဆရာဆရာမတွေ ဖြစ်ပြီး သူ့သားဖြစ်တဲ့ အဲဒစ်ရှ်ကို ငယ်စဉ်ကတည်းက ကောင်းကောင်း လမ်းကြောင်းခဲ့ တယ်။ အဲဒစ်ရှ်ကလည်း ငယ်စဉ်ကတည်းက အစွမ်းအစ ရှိတဲ့သူ လို့ ပြောပါတယ်။ လေးနှစ်သား အရွယ်က သူ့အမေကို ပြောဖူးတယ်။ တကယ်လို့ ဒေါ်လာတစ်ရာထဲက ဒေါ်လာ ၂၅၀ နှုတ်ရင် သုညအောက်မှာ ဒေါ်လာ ၁၅၀ ကျန်လိမ့်မယ် တဲ့။ သင်္ချာဆိုင်ရာ အနှုတ်ကိန်း အကြောင်းကို လေးနှစ်သား ကတည်းက ပြောနိုင်ခဲ့တယ် ။ အဲ့လို ဖြစ်ရပ်မျိုး ဆိုတာ မြန်မာပြည်မှာတော့ မလွယ်လှတဲ့ ဒဏ္ဍာရီ ပုံပြင်လိုပါပဲ။ ( သင်္ချာနဲ့ ဆိုင်တာ ပြောတာပါ။ အခြားဟာတွေတော့ ရှိတယ် ကြားတယ်။ ဥပမာ Read more of this post